ဩဂုတ်လ ၁၂ ရက်နေ့ ညနေပိုင်းက ကျဲ့ကျန်းပြည်နယ် ကျိုးစန်းမြို့ရှိ ချင်းလုံမန် တံတားကြီး၏ အနောက်ဘက် ချဉ်းကပ်တံတားတည်ဆောက်ရေးနေရာ၌ တည်ဆောက်ရေး အဖွဲ့သည် အမှတ် ၃၀ ဆိပ်ခံတံတားအတွက် ကွန်ကရစ်လောင်းပေးခဲ့ပါသည်။
ချင်းလုံမန် တံတားကြီး၏ အနောက်ဘက်ချဉ်းကပ်တံတား၏ အရှည်သည် ၂.၈၇ ကီလိုမီတာ ဖြစ်ပြီး လက်ရှိအချိန်တွင် အရှိန်အဟုန်ဖြင့် တည်ဆောက်နေပါသည်။ တည်ဆောက်ရေး အဖွဲ့သည် ယင်းကမ္ဘာ့အကြီးဆုံး တာဝါတိုင်သုံးလုံးပါ သံမဏိဘောက် ခါးပတ်ကြိုးတံတားကို တည်ဆောက်ရန် ကြိုးပမ်းလျက်ရှိနေပါသည်။