ဩဂုတ်လ ၁၂ ရက်နေ့က အစ္စရေးကာကွယ်ရေးတပ်ဖွဲ့နှင့် အစ္စရေး အမျိုးသား လုံခြုံရေး ဌာနချုပ်တို့သည် ပူးတွဲကြေညာချက်တစ်ရပ်ထုတ်ပြန်ရာတွင် ဂါဇာဒေသရှိ စာသင်ကျောင်း တစ်ကျောင်းကို အစ္စရေးစစ်တပ်မှ တိုက်ခိုက်ခဲ့ရာ ပါလက်စတိုင်း ဟားမတ်စ်နှင့် ပါလက် စတိုင်း အစ္စလာမ် ဂျီဟတ်မှ လက်နက်ကိုင်းသမားစုစုပေါင်း ၃၁ဦး သေဆုံး ခဲ့ကြောင်း အတည်ပြုခဲ့ပါသည်။
ဩဂုတ်လ ၁၀ ရက်နေ့က အစ္စရေးကာကွယ်ရေးတပ်ဖွဲ့သည် ဂါဇာမြို့ရှိ စာသင်ကျောင်း တစ်ကျောင်းကို လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ရာ လူတစ်ရာကျော် သေဆုံးပြီး လူအများအပြား ဒဏ်ရာရရှိခဲ့သည်။ ယင်းလုပ်ရပ်ကို နိုင်ငံတကာအသိုင်းအဝိုင်းက ရှုတ်ချခဲ့ကြကြောင်း သတင်းအရ သိရှိရ သည်။