နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ မြန်မာနိုင်ငံသို့ ခရီးလှည့်လည်မည်နှင့် ပတ်သက်၍ သတင်းထောက်၏ မေးမြန်းချက်များကို နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူ ပြန်လည်ဖြေကြား

(GMT+08:00)2024-08-13 21:44:56  

ယခုအကြိမ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ လှည့်လည်မည့် မြန်မာ နိုင်ငံ ခရီးစဉ်၏ နောက်ခံ အကြောင်းအရာများနှင့် မျှော်လင့်ချက်များကို မိတ်ဆက်ပေးနိုင်မလားဟု သတင်းထောက်များက မေးမြန်းခဲ့သည်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူက ယခုအကြိမ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ လှည့်လည်မည့် မြန်မာ နိုင်ငံ ခရီးစဉ်၏ ရည်ရွယ်ချက်မှာ တရုတ်-မြန်မာ နယ်ပယ် အသီးသီးတွင် အပြန်အလှန် အကျိုးရှိစေသည့် ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစေပြီး နှစ်နိုင်ငံ ပြည်သူများ အကြားရှိ သံယောဇဉ်ကို နက်ရှိုင်းခိုင်မာစေကာ တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးကို ပိုမို လက်တွေ့ကျကျ နက်ရှိုင်းစွာ အကောင်အထည် ဖော်ဆောင်ဖို့ တွန်းအားပေးရန် ဖြစ်ကြောင်း၊ အိမ်နီးချင်းကောင်း နိုင်ငံ ဖြစ်သည့် အနေဖြင့် တရုတ် နိုင်ငံသည် အခြား နိုင်ငံ၏ ပြည်တွင်း ရေးကို ဝင်ရောက်စွက်ဖက်မှု မပြုခြင်းမူကို အစဉ်တစိုက် စွဲကိုင်ပြီး မြန်မာနိုင်ငံ၏ တည်ငြိမ်မှု ထိန်းသိမ်းကာကွယ်ရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပြည်သူတို့၏ စားဝတ်နေရေး အာမခံပေးရေးတို့ကို ယခင်ကလို တစ်လျှောက်လုံး အားပေးထောက်ခံကာ မြန်မာ ဘက်အသီးသီးတို့ အနေနှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် တရားဥပဒေ၏ မူဘောင် အတွင်း နိုင်ငံရေး ညှိနှိုင်းဆွေးနွေးခြင်းဖြင့် သဘောကွဲလွဲမှုများကို သင့်လျော်ပြေလည်စွာ ကိုင်တွယ်ဖြေရှင်းရေး အတွက် အပြုသဘောဆောင်သော အကူအညီများကို ပံ့ပိုးပေးမည် ဖြစ်ကြောင်း ဖြေ ကြားခဲ့ပါသည်။