ယူကရိန်းစစ်တပ်သည် ရုရှားပိုင်နက်နယ်မြေ စတုရန်းကီလိုမီတာ ၁၀၀၀ ခန့်ကို ထိန်းချုပ်ထား

(GMT+08:00)2024-08-13 13:12:23  

ယူကရိန်းသမ္မတသည် စစ်ဌာနချုပ် အစည်းအဝေးကို ပြုလုပ်ပြီး Kursk စစ်ဆင်ရေးဆိုင်ရာ အစီရင်ခံစာကို ကြားနာခဲ့သည်။

ယူကရိန်းသမ္မတ Zelensky သည် ဩဂုတ်လ ၁၂ ရက်နေ့က စစ်ဌာနချုပ် အစည်းအဝေးကို ကျင်းပခဲ့ကြောင်း ဆိုရှယ်မီဒီယာမှတစ်ဆင့် ဖော်ပြခဲ့သည်။ အစည်းအဝေးတွင် ယူကရိန်း တပ်မတော် တပ်မှူးချုပ် Syrskyi က ရှေ့တန်းစစ်မျက်နှာ ကာကွယ်ရေးနှင့် Kursk ထိုးစစ်ဆင်ရေးဆိုင်ရာ အကြောင်းအရာများကို အစီရင်ခံ တင်ပြ ခဲ့သည်။ တပ်မှူးချုပ် Syrskyi က လက်ရှိအချိန်တွင် ယူကရိန်း လက်နက်ကိုင် တပ်ဖွဲ့များသည် ရုရှား ပိုင်နက်နယ်မြေ စတုရန်း ကီလိုမီတာ ၁၀၀၀ ခန့်ကို ထိန်းချုပ်ထားပြီဖြစ်ကြောင်း ၊ ယူကရိန်းစစ်တပ်သည် Kursk အား ထိုးစစ်ဆင်မှုများ ဆက်လက် ပြုလုပ်နေပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကာ ရှေ့တန်းစစ်မျက်နှာ တစ်ခုလုံး၏ အခြေအနေမှာ ယူကရိန်းစစ်တပ်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေကြောင်း အစည်းအဝေးတွင် ပြောကြားခဲ့သည်။