အရေးကြီးသည်မှာ သမိုင်းကို လေ့လာပြီး သမိုင်းသင်ခန်းစာကို ရယူကာ စစ်ပွဲများ ပြန်လည် မဖြစ်ပွားစေရန်ပင် ဖြစ်သည်ဟု တရုတ် ဆို

(GMT+08:00)2024-08-13 13:06:06  

ဂျပန် Asahi ရုပ်မြင်သံကြားဌာနမှ သတင်းထောက်က သြဂုတ်လ ၉ ရက်နေ့က ဂျပန်နိုင်ငံ နာဂါဆာကီမြို့တွင် အနုမြူဗုံးကြဲခံခဲ့ရသည့် ၇၉နှစ်မြောက် ငြိမ်းချမ်းရေး ဆုတောင်းပွဲကို ကျင်းပခဲ့ကြောင်း၊ ဂျပန်နိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီးကို မဖိတ်သဖြင့် ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအပါအဝင် ဂျပန်နိုင်ငံဆိုင်ရာ ဂျီ ၇ နိုင်ငံများမှ သံအမတ်ကြီးများသည် အထိမ်းအမှတ်လှုပ်ရှားမှုသို့ မတက်ရောက်ခဲ့ကြကြောင်း၊ တရုတ် နိုင်ငံအနေဖြင့် ယင်းကို မည်ကဲ့သို့ ဝေဖန်သုံးသပ်သနည်းဟု မေးမြန်းခဲ့ပါသည်။
    တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လင်ကျန့် က ၄င်းမေးမြန်းချက် ကို ဖြေကြားရာတွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်း ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့နှင့် နာဂါဆာကီမြို့တွင် အနုမြူဗုံးကြဲချခံခဲ့ရကြောင်း၊ မိမိတို့အနေဖြင့် အနုမြူဗုံးကြဲချမှုကြောင့် ဒေသခံများအား ဒုက္ခရောက်စေခဲ့သည့်အတွက် ဝမ်းနည်းကြေကွဲမိကြောင်း၊ သို့သော်လည်း ဟီရိုရှီးမားမြို့နှင့်နာဂါဆာကီမြို့တွင်အနုမြူဗုံးကြဲချခံခဲ့ရခြင်းသည်ကိုယ်တိုင်သမိုင်းကြောင်း နောက်ခံရှိကြောင်း၊ ဂျပန်စစ်ဝါဒမှ လှုံ့ဆော်စည်းရုံးသော ကျူးကျော်မှုစစ်ပွဲသည် အာရှအိမ်နီးချင်းနိုင်ငံများအား ဆိုးရွားသည့် ဒုက္ခများ ရောက်စေသည့်အပြင် ဂျပန်ပြည်သူများ အားလည်း ပြင်းထန်သော ဒုက္ခရောက်စေခဲ့ကြောင်း၊ အရေးကြီးသည်မှာ သမိုင်းကို လေ့လာပြီး သမိုင်းသင်ခန်းစာကို ရယူကာ စစ်ပွဲများ ထပ်မံ မဖြစ်ပွားစေရန်ပင် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။