အဘယ်ကြောင့် အိုလံပစ် အားကစား ပွဲတော်တွင် တရုတ် လူငယ် အားကစား မောင်မယ်များသည် ပရိသတ်များစွာ၏ ကြိုက်နှစ်သက်မှု ရရှိသနည်း

(GMT+08:00)2024-08-13 13:01:38  

၂၀၂၄ခုနှစ် ပါရီ အိုလံပစ် အားကစား ပွဲတော်ကို ၁၉ရက်ကြာ ကျင်းပပြီး ယခုလ ၁၁ရက်နေ့က ပိတ်ပွဲ အခမ်းအနား ကျင်းပခဲ့ပါသည်။ တရုတ် အားကစား ကိုယ်စားလှယ်အဖွဲ့ သည် ရွှေတံဆိပ် ၄၀၊ ငွေတံဆိပ် ၂၇ခုနှင့် ကြေးတံဆိပ် ၂၄ခုကို ဆွတ်ခူး ရရှိပြီး ၂၀၀၈ခုနှစ် ဘေကျင်း အိုလံပစ် အားကစား ပွဲတော် မှလွဲ၍ နွေရာသီ အားကစား ပွဲတော်တွင် တရုတ် နိုင်ငံ ပါဝင်ခဲ့သည့် သမိုင်းကြောင်း၌ အကောင်းဆုံး ရလဒ် ဖြစ်ပါသည်။

တရုတ် လူငယ် အားကစား မောင်မယ်များသည် ပရိသတ်များ၏ စိတ်ထဲတွင် စွဲကျန်ရစ်စေခဲ့သည်။ အသက် ၂၀ အရွယ် ရှိသည့် Pan Zhanleသည် အမျိုးသား မီတာ ၁၀၀ free stroke ရေကူး ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ရရှိပြီး ကမ္ဘာ့ စံချိန်သစ်ကို တင်နိုင်ခဲ့သည်။ အသက် ၂၁နှစ် အရွယ် ရှိသည့် Zheng Qin Wenသည် Roland Garrosတွင် အမျိုးသမီး တစ်ဦးချင်း တင်းနစ် ပြိုင်ပွဲ နောက်ဆုံး ဗိုလ်လုပွဲတွင် ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိပြီး “Queen Wen”ဟူသော တင်စားခေါ်ဝေါ်ခြင်း ခံခဲ့ရသည်။ အသက် ၁၇နှစ် အရွယ်ရှိသည့် Quan  Hongchanသည် အမျိုးသမီး ဒိုင်ဗင်ထိုး ပြိုင်ပွဲများတွင် ရွှေတံဆိပ် ၃ခု ရရှိခဲ့သည်။ ၂၀၀၀ပြည့်နှစ် နောက်ပိုင်းတွင် မွေးဖွားခဲ့သည့် လူငယ် အားကစား မောင်မယ်များသည် တရုတ် အားကစား၏ ကျောရိုးမဏ္ဍိုင် ဖြစ်လာပြီ ဖြစ်သည်။ ၄င်းတို့သည် သီးခြား ထင်ရှားသည့် စရိုက် လက္ခဏာများ ရှိပြီး ရှင်သန်မှုလည်း အပြည့်အဝ ရှိကာ ခေတ် ကာလသစ် တွင် တရုတ် လူငယ်များ၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိခြင်း၊ အတွေးအခေါ် သစ်ကို လက်ခံနိုင်ခြင်း၊ အပြုသဘောဆောင်သော သဘောထားရှိခြင်းနှင့် အကောင်းဘက် မြင်တတ်ခြင်း စသည့် ထူးခြားချက်များကို ပြသနေသည်။

အိုလံပစ် အားကစား ပွဲတော်သည် ကမ္ဘာ အတွက် တရုတ် ဖွံ့ဖြိုးတိုးတက်မှုကို သိရှိ နားလည်ရန် ပြတင်းပေါက် တစ်ခု ဖြစ်သည်။ ၁၉၈၄ခုနှစ် Los Angeles အိုလံပစ် အားကစား ပွဲတော်တွင် တရုတ် နိုင်ငံသည် ပထမဆုံး ရွှေတံဆိပ်ကို ဆွတ်ခူး ရရှိခဲ့သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ အတွင်း အိုလံပစ် အားကစား ပွဲတော်သည် တရုတ်  ယှဉ်ပြိုင်မှု အားကစား၏ တိုးတက်မှုကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ပြီး တရုတ် အထွေထွေ နိုင်ငံတော် အင်အား အဆက်မပြတ် တိုးမြင့်လာခြင်းကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ကာ အိုလံပစ် အားကစား ဖွံ့ဖြိုးတိုးတက်ရေး အတွက် တရုတ် နိုင်ငံ၏ အရေးကြီးသော အကျိုးပြု စွမ်းဆောင်မှုများကို လည်း မျက်မြင်ကိုယ်တွေ့ကြုံခဲ့သည်။ အနာဂတ်တွင် တရုတ် နိုင်ငံသည် အိုလံပစ် စိတ်ဓာတ်ကို ပြန့်ပွားစေရန်နှင့် ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် စည်းလုံးညီညွတ်ရေးကို တိုးမြှင့်ရန် အတွက် ဆက်လက် အားထုတ်ကြိုးပမ်းပြီး လူသား ယဉ်ကျေးမှု တိုးတက်ရေး အတွက် ပိုမိုများပြားသည့် ဉာဏ်စွမ်းနှင့် အင်အားများကို ပံ့ပိုးပေးမည် ဖြစ်သည်။