ဝမ်ယိသည် မြန်မာနိုင်ငံသို့ ခရီးလှည့်လည်မည်ဖြစ်ပြီး ၊ ၉ ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်း ဆောင်ရွက်မှု နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို ကြီးမှူးကျင်းပရန်နှင့် တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်း နိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘော တွေ့ဆုံပွဲသို့ တက်ရောက်ရန် ထိုင်းနိုင်ငံသို့ သွားရောက်မည်

(GMT+08:00)2024-08-13 15:55:18  

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Lin Jian က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် သြဂုတ် ၁၄ ရက်နေ့မှ ၁၇ ရက်နေ့အထိ မြန်မာနိုင်ငံသို့ ခရီးလှည့်လည်မည်ဖြစ်ပြီး ၊ ၉ ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို ကြီးမှူးကျင်းပရန်နှင့် တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်း နိုင်ငံခြားရေး ဝန်ကြီးများ၏ အလွတ်သဘော အစည်းအဝေးသို့ တက်ရောက်ရန် ထိုင်းနိုင်ငံသို့ ဆက်လက် သွားရောက်မည်ဟု ကြေညာခဲ့ပါသည်။