သြဂုတ်လ ၁၃ ရက်နေ့ နံနက်ပိုင်းက တရုတ်နိုင်ငံကို ကျူးကျော်ခဲ့သည့် ဂျပန်၇၃၁တပ်ဖွဲ့ဝင်ဟောင်း Shimizu Hideo နှင့်အဖွဲ့သည် ၄င်းတို့၏ အပြစ်ကို ဝန်ခံရန် တရုတ်နိုင်ငံ Harbin မြို့ Pingfang ရပ်ကွက်ရှိ တရုတ်နိုင်ငံကို ကျူးကျော်ခဲ့သည့် ဂျပန်၇၃၁တပ်ဖွဲ့၏ ရာဇဝတ်မှု ခင်းကျင်း ပြသခန်းသို့ လာရောက်ခဲ့ပါသည်။
Shimizu Hideo သည် အသက် ၉၄ နှစ် အရွယ်ရှိသူတစ်ဦး ဖြစ်ပါသည်။ လွန်ခဲ့သည့် ၁၉၄၅ ခုနှစ် မတ်လက အသက် ၁၄နှစ် အရွယ်ရှိသော Shimizu Hideo သည် တပ်ဖွဲ့ထဲ ဝင်ခဲ့ပြီး Harbin မြို့ရှိ တရုတ်နိုင်ငံကို ကျူးကျော်ခဲ့သည့် ဂျပန်၇၃၁တပ်ဖွဲ့ရုံးချုပ်သို့ လာရောက်ခဲ့ပါသည်။ ၁၉၄၅ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့က Shimizu Hideo သည် ဂျပန်တပ်ဖွဲ့နှင့်အတူ ဂျပန်နိုင်ငံသို့ ထွက်ပြေးသွား ခဲ့ပါသည်။
ယခင်ကလည်းShimizu Hideo သည် သမိုင်းအဖြစ်မှန်ကို ဖုံးကွယ်၍ မရ ကြောင်း၊ မိမိအနေဖြင့် တစ်နေ့နေ့တွင် တရုတ်နိုင်ငံကို ကျူးကျော်ခဲ့သည့် ဂျပန်၇၃၁ တပ်ဖွဲ့၏ နေရာဟောင်းသို့ ပြန်သွားပြီး ထိခိုက်မှုများခံခဲ့ရသည့် တရုတ်ပြည်သူများအား အလေးအနက် တောင်းပန်ရန်၊ ပိုမိုများပြားသော လူများ၏ ပြန်လည်သုံးသပ်မှုနှင့် သတိထားမှုများကို နှိုးဆွပြီး ခက်ခဲစွာရရှိခဲ့သည့် ငြိမ်းချမ်းရေးကို မြတ်နိုးကာ စစ်ပွဲများ ထပ်မံ မဖြစ်ပွားစေရန် မျှော်လင့်ကြောင်း ရေးသား ဖော်ပြခဲ့ ပါသည်။
Shimizu Hideo သည် ၄င်း၏ အပြစ်ကို ဝန်ခံရန် တရုတ်နိုင်ငံကို ကျူးကျော်ခဲ့သည့် ဂျပန်၇၃၁တပ်ဖွဲ့၏ ရာဇဝတ်မှု ခင်းကျင်းပြသခန်းသို့ လာရောက်
(GMT+08:00)2024-08-13 13:05:02