ပြီးခဲ့သည့်သီတင်းပတ်အတွင်း ရုရှားမှ ယူကရိန်းအား ပဲ့ထိန်းလေကြောင်းဗုံး လုံးရေ ၈၀၀ကျော် ပစ်ချခဲ့သည်ဟု ဇလန်းစကီးက ဆို

(GMT+08:00)2024-08-12 16:12:54  

ဒေသစံတော်ချိန် ဩဂုတ်လ ၁၁ရက်နေ့က ယူကရိန်းနိုင်ငံသမ္မတ ဇလန်းစကီးသည် ထိုနေ့နံနက်စောစောပိုင်းတွင် ကိယက်ဗ်ပြည်နယ်၌ အမျိုးသားတစ်ဦးနှင့် ၎င်း၏ သားဖြစ်သူ အသက် ၄နှစ်အရွယ် ကလေးငယ်တစ်ဦးတို့သည် ရုရှားတပ်မတော်မှ ဒုံးကျည်များဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ကြကြောင်း ၎င်း၏လူမှုကွန်ရက်တွင် ရေးသားခဲ့ပါသည်။

ဇလန်းစကီးက ပြီးခဲ့သည့်သီတင်းပတ်အတွင်း ရုရှားမှ ယူကရိန်းအား ဒုံးကျည် လုံးရေ ၃၀ကျော် ပစ်လွှတ်ခဲ့ပြီး ပဲ့ထိန်းလေကြောင်းဗုံး လုံးရေ ၈၀၀ကျော် ပစ်ချခဲ့ကြောင်း ပြောကြား၍ ယူကရိန်းတပ်မတော်မှ အနောက်တိုင်းလက်နက်များကို အသုံးပြုပြီး တာဝေးပစ်တိုက်ခိုက်မှုဆိုင်ရာ ကန့်သတ်မှုကို ရုပ်သိမ်းရန် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်များမှ တင်းကျပ်သည့် ဆုံးဖြတ်ချက်များ ချမှတ်ရန် ပန်ကြားခဲ့ပါသည်။

ရုရှားနိုင်ငံသည် ယင်းအပေါ် တုံ့ပြန်မှုမရှိသေးပေ။