ဩဂုတ်လ ၁၁ ရက်နေ့က ကျင်းပခဲ့သော ပါရီ အိုလံပစ် အားကစား ပြိုင်ပွဲဆိုင်ရာ တရုတ် အားကစား ကိုယ်စားလှယ် အဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် တရုတ် အမျိုးသား အားကစား ဌာနချုပ် ဒု ညွှန်ကြားရေးမှူးချုပ်၊တရုတ်အားကစားကိုယ်စားလှယ်အဖွဲ့ ဒုတိယ ဥက္ကဋ္ဌ Zhou Jinqiang က တရုတ် အားကစား ကိုယ်စားလှယ် အဖွဲ့သည် ယခုအကြိမ် အိုလံပစ် အားကစား ပြိုင်ပွဲတွင် တရုတ်အနေနှင့် ၁၉၈၄ခုနှစ်က နွေရာသီ အိုလံပစ် အားကစား ပြိုင်ပွဲ စတင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့်နောက်ပိုင်း ပြည်ပ၌ ကျင်းပသော အိုလံပစ် ပြိုင်ပွဲများတွင် အကောင်းဆုံးရလဒ်များ ရရှိခဲ့ကြောင်း ပြောကြားသည်။
Zhou Jinqiang က ယခုအကြိမ် အိုလံပစ် အားကစား ပြိုင်ပွဲတွင် တရုတ် အားကစား ကိုယ်စားလှယ် အဖွဲ့တွင် အားကစားသမား ၄၀၄ ဦး ပါဝင်ပြီး ပြိုင်ပွဲ ၃၀ ၊ မျိုးခွဲ ၄၂ ခုမှ ပွဲစဉ် ၂၃၂ ခုတွင် ပါဝင်ခဲ့ပြီး ပြိုင်ပွဲ ၁၁ ခုမှ မျိုးခွဲ ၁၄ ခုတွင် ရွှေတံဆိပ် ၄၀ ၊ ငွေတံဆိပ် ၂၇ ခုနှင့် ကြေးတံဆိပ် ၂၄ ခု ၊ စုစုပေါင်း ဆုတံဆိပ် ၉၁ ခု ဆွတ်ခူးနိုင်ခဲ့ကြောင်း ၊ ရွှေတံဆိပ် အရေအတွက် နှင့် အရည်အသွေး စံချိန်တင် အောင်မြင်မှုများ ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။