ဗြိတိန်နိုင်ငံတွင် အတိုင်းအတာကြီးမားသော အဓိကရုဏ်းများကြောင့် လူ ၇၇၉ ဦး ဖမ်းဆီး ခံရ

(GMT+08:00)2024-08-12 16:12:29  

ယခုရက်များတွင် ဗြိတိန်နိုင်ငံဒေသများ၌ အစိုးရ၏ လူဝင်မှု ကြီးကြပ်ရေး မူဝါဒ နှင့် ပတ်သက်၍ ဆန္ဒပြမှုများနှင့် ပဋိပက္ခများ ဖြစ်ပွားခဲ့ပါသည်။ သြဂုတ်လ ၁၀ရက်နေ့တွင် အချို့ဒေသ၌ အဓိကရုဏ်းများ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါသည်။

လက်ရှိအချိန်အထိ  ဆန္ဒပြမှုများကြောင့် လူ ၇၇၉ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ဗြိတိန်မီဒီယာများက ဗြိတိန်နိုင်ငံ ရဲချုပ်များ ကောင်စီမှ ထုတ်ပြန်သည့်သတင်းများကို ကိုးကား၍ ဖော်ပြခဲ့ပါသည်။

ဗြိတိန်တရားရေးဝန်ကြီး Shabana Mahmood က ဆောင်းပါးတစ်ပုဒ်တွင် “ရာဇဝတ် တရားရုံးများ၌ မဆောင်ရွက်သေးသော အမှုများ စံချိန်တင်ကျန်ရှိနေပြီး အကျဉ်း ထောင်များတွင် လူများပြည့်ကျပ်နေကြောင်း ရေးသားဖော်ပြထားပါသည်။