ရှီကျင့်ဖိန်သည် ဘရာဇီးနိုင်ငံတွင် ခရီးသည်တင်လေယာဉ်ပျက်ကျမှုနှင့် ပတ်သက်၍ ဘရာဇီးသမ္မတ Lula အား ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့

(GMT+08:00)2024-08-12 16:11:14  

သြဂုတ်လ ၁၁ ရက်နေ့က တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ဘရာဇီးနိုင်ငံတွင် ခရီးသည်တင် လေယာဉ် ပျက်ကျမှုနှင့်ပတ်သက်၍ ဘရာဇီးသမ္မတ Lula အား ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ ခဲ့ပါသည်။ သဝဏ်လွှာတွင် ရှီကျင့်ဖိန်က အဆွေတော်၏နိုင်ငံတွင် ခရီးသည်တင် လေယာဉ် ပျက်ကျမှုကြောင့် အသေအပျောက် များစွာ ကြုံတွေ့ခဲ့ရသည့်အတွက် မိမိအနေဖြင့် တရုတ်နိုင်ငံအစိုးရနှင့်တရုတ်ပြည်သူများကိုယ်စား သေဆုံးသူများ အတွက် လွန်စွာ ဝမ်းနည်းရကြောင်း၊ သေဆုံးသူများ၏ကျန်ရစ်သူမိသားစုများအား ရင်းနှီးစွာ နှစ်သိမ့်အားပေးကြောင်း ဖော်ပြ ခဲ့သည်။