သြဂုတ်လ ၁၁ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဦးဆောင် အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ သည် ဖိတ်ကြားချက်အရ အီရန်ခေတ္တ နိုင်ငံခြားရေးဝန်ကြီး Ali Bagheri-Kani ကို တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ပါသည်။
ဝယ်ယိ က တရုတ်နိုင်ငံအနေဖြင့် မဟာဗျူဟာ အမြင် နှင့် ရေရှည် ရှုထောင့်မှနေ တရုတ်-အီရန်ဆက်ဆံရေးကို တွန်းအားပေးလျက်ရှိကြောင်း၊ အီရန်အစိုးရသစ်နှင့်အတူ တစ်ဦး၏ အမြုတေအကျိုးစီးပွားကို တစ်ဦးက ဆက်လက် ခိုင်မာစွာထောက်ခံမည် ဖြစ်ပြီး နယ်ပယ်အသီးသီးတွင် လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုများကို ခြေလှမ်းမှန်မှန်ဖြင့် မြှင့်တင်ကာ နှစ်နိုင်ငံဆက်ဆံရေး ခြေလှမ်း မှန်မှန်ဖြင့် ဖွံ့ဖြိုးတိုးတက်ရန် ဦးလည်မသုန် တွန်းအားပေး၍ တရုတ်-အီရန် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအတွက် အနှစ်သာရသစ် အဆက်မပြတ် ထည့်သွင်းပေးရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။
Ali Bagheri-Kani က သမ္မတ Masoud Pezeshkian ၏ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်ရန် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် မှ အထူးသံတမန်ကို စေလွှတ်ခဲ့ခြင်းအပေါ် ကျေးဇူး တင်ရှိပါကြောင်း၊ သမ္မတ Masoud Pezeshkian သည် အီရန်-တရုတ်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန် အခိုင်အမာကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး၊ နိုင်ငံတကာနှင့် ဒေသတွင်း အခြေအနေပြောင်းလဲမှုတွေဟာ နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်မခံစေရကြောင်း၊ အီရန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ နိုင်ငံတကာနှင့်ဒေသတွင်းအရေးကိစ္စနှင့် ပတ်သက်၍ ညှိနှိုင်းဆောင်ရွက်မှုများကို မြှင့်တင်ပြီး အီရန်-တရုတ်ဆက်ဆံရေး ပိုမိုကြွယ်ဝသော မဟာဗျူဟာအနှစ်သာရကို ထည့်သွင်းပေးရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ ပါသည်။
ဝယ်ယိ သည် အီရန်ခေတ္တနိုင်ငံခြားရေးဝန်ကြီး Ali Bagheri-Kani ကို တယ်လီဖုန်းဖြင့် ဆက်သွယ်
(GMT+08:00)2024-08-12 16:08:46