ဝမ်ယိသည် "၂၀၂၄ တရုတ်-အာဆီယံ ရက်သတ္တပတ်"အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့

(GMT+08:00)2024-08-12 16:40:58  

၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့တွင် "၂၀၂၄ တရုတ်-အာဆီယံ ရက်သတ္တပတ်" ဖွင့်ပွဲအခမ်းအနားကို တရုတ်ရှမ်းရှီးပြည်နယ်ချန်ကျိမြို့တွင် ကျင်းပခဲ့ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင် အဖွဲ့ ကော်မတီဝင်၊နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့ခဲ့ ကြောင်း သိရပါသည်။

ဝမ်ယိက ၂၀၂၁ ခုနှစ်တွင် သမ္မတရှီကျင့်ဖိန်နှင့်အာဆီယံနိုင်ငံခေါင်းဆောင်တို့သည် တရုတ်-အာဆီယံ ဘက်စုံမဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေးတည်ဆောက်ခြင်းကိုကြေညာခြင်းမှစပြီး တရုတ်-အာဆီယံ ကံကြမ္မာအသိုက်အဝန်းတည်ဆောက်ခြင်းသည် ခိုင်မာသော ခြေလှမ်းများ ချမှတ်ခဲ့ပြီး ငြိမ်းချမ်းရေး၊တည်ငြိမ်ရေး၊သာယာဝပြောရေး၊လှပရေးနှင့်ချစ်ကြည်ရေးလောကတည်ဆောက်ခြင်းရလဒ်ကောင်းများစွာ ရရှိခဲ့ကြောင်း၊ သန်းပေါင်း ၂၀ ကျော်သော လူများအချင်းချင်း ပိုမိုရင်းနှီးကြပြီး အပြန်အလှန်လေးစားကြကာ အပြန်အလှန်ပိုမိုသိရှိနားလည်လာကြောင်း ပြောကြားခဲ့သည်။

ဝမ်ယိက ခင်မင်ရင်းနှီးသော အိမ်နီးချင်းများနှင့် ကြီးထွားလာနေသော စျေးကွက်နှစ်ခုအနေနှင့် ၎င်းဒီပလပ်ဖောင်းကို ကောင်းမွန်စွာအသုံးချပြီး ပိုမိုနီးကပ်သောရုတ်-အာဆီယံ ကံကြမ္မာအသိုက်အဝန်း တည်ဆောက်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။