ဖိလစ်ပိုင်လေတပ်မှ တိုက်လေယာဉ်များသည် တောင်ပင်လယ်ရှိ Huangyan ကျွန်းလေပိုင်နက်အတွင်းသို့ တရားမဝင် ကျူးကျော်ဝင်ရောက်လာပြီး တောင်ပိုင်း စစ်နယ်က ဥပဒေနှင့်အညီ သတိပေးနှင်ထုတ်

(GMT+08:00)2024-08-11 17:03:21  

ဖိလစ်ပိုင်လေတပ်၏ NC-212 လေယာဉ်သည် သြဂုတ်လ ၈ ရက်နေ့က တရုတ်နိုင်ငံမှ အကြိမ်ကြိမ်သတိပေးခဲ့သော်လည်း တောင်ပင်လယ်ရှိ Huangyan ကျွန်းလေပိုင်နက်အတွင်းသို့ တရားမဝင် ဝင်ရောက်ခဲ့ပြီး တရုတ်နိုင်ငံ၏ ပုံမှန်လေ့ကျင့်ရေးလုပ်ငန်းများကို အနှောင့်အယှက်ပေးခဲ့သည်။တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် တောင်ပိုင်းစစ်နယ်သည် ရေတပ်နှင့် လေတပ်များကို စုစည်းကာ ဥပဒေနှင့်အညီ စိစစ်ခြင်း၊ ခြေရာခံခြင်းနှင့် စောင့်ကြည့်ခြင်း၊ သတိပေးခြင်းနှင့် နှင်ထုတ်ခြင်း စသည့် ဆောင်ရွက်မှုများသည် ပရော်ဖက်ရှင်နယ်ကျပြီး စံကိုက်ကာ တရားဝင်သည်။ တရုတ်နိုင်ငံသည် ဖိလစ်ပိုင်အား ချိုးဖောက်မှု၊ရန်စမှုတို့ကို ချက်ချင်းရပ်တန့်ရန် တည်ကြည်လေးနက်စွာသတိပေးထားသည်။ တရုတ်နိုင်ငံသည် Huangyan ကျွန်းနှင့် ကပ်လျက်ရေပြင်အပေါ် မငြင်းသာသော အချုပ်အခြာအာဏာရှိသည်။ စစ်နယ်တပ်ဖွဲ့ဝင်များသည် အချိန်တိုင်းသတိရှိနေကြပြီး နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို ပြတ်ပြတ်သားသား ကာကွယ်ကာ တောင်ပင်လယ်အတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ပြတ်သားစွာ ထိန်းသိမ်းထားသည်။