ဩဂုတ်လ ၁၁ ရက်နေ့က ကျင်းပသော နိုင်ငံတကာ အိုလံပစ်ကော်မတီ၏ ၁၄၂ ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေး ပိတ်ပွဲအခမ်းအနားတွင် လက်ရှိ နိုင်ငံတကာ အိုလံပစ်ကော်မတီဥက္ကဋ္ဌ Bach က မိမိသည် ဥက္ကဋ္ဌအဖြစ် ဆက်လက်ထမ်းဆောင်ရန် ကြိုးပမ်းမည်မဟုတ်ကြောင်း ပြောကြားခဲ့ပါသည်။
Bach က နိုင်ငံတကာ အိုလံပစ်ကော်မတီသည် ၂၀၂၅ခုနှစ် မတ်လ၊ ဂရိနိုင်ငံ Ancient Olympia ၌ ကျင်းပမည့် အစည်းအဝေးတွင် ဥက္ကဋ္ဌသစ်ကို ရွေးချယ်သွားမည်ဖြစ်ကြောင်း၊ ဥက္ကဋ္ဌသစ်သည် ၂၀၂၅ခုနှစ် ဇွန်လ ၂၄ရက်နေ့တွင် ရာထူးတာဝန်ယူမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။