ဒေသစံတော်ချိန် သြဂုတ်လ ၁၀ ရက်နေ့ ညပိုင်းက ဘရာဇီးနိုင်ငံ Sao Paulo ပြည်နယ် ပြည်သူ့ ကာကွယ်ရေးဌာနသည် ဘရာဇီးလ် Voepass လေကြောင်း ကုမ္ပဏီမှ အမှတ် ၂၂၈၃ လေယာဉ် ပျက်ကျမှုတွင် သေဆုံးသူ ၆၂ ဦးတို့၏ ရုပ်အလောင်းအားလုံးကို ရှာဖွေတွေ့ရှိနေပြီဖြစ်ပြီး ၎င်းတို့အနက် ရုပ်အလောင်း ၅၀ ကို Sao Paulo မှုခင်း ဆေးပညာ စင်တာသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ဖော်ပြထားသည်။
ဒေသစံတော်ချိန် သြဂုတ်လ ၉ ရက်နေ့က ဘရာဇီးလ် Voepass လေကြောင်း ကုမ္ပဏီမှ ခရီးသည်တင် လေယာဉ် တစ်စင်းသည် Sao Paulo ပြည်နယ် Vinhedo မြို့တွင် ပျက်ကျခဲ့သည်။