"Made in China" လျှပ်စစ်ဘတ်စ်ကားများသည် ပါရီတွင် ဖြတ်သန်းသွားလာ

(GMT+08:00)2024-08-11 17:04:47  

ပါရီအိုလံပစ်အားကစားပြိုင်ပွဲ ကျင်းပလျက်ရှိပြီး ပြိုင်ပွဲကျင်းပရာနေရာအပြင်ဘက်တွင် တရုတ်လုပ်ငန်းကုမ္ပဏီများမှ ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အားသုံး ရှုခင်းကြည့် ဘတ်စ်ကားများသည် ပါရီမြို့ရှိ ထင်ရှားကျော်ကြားသော ရှုခင်းသာနေရာများကို ဖြတ်သန်းသွားလာနေကြပါသည်။ ယင်းသည် ကမ္ဘာတစ်ဝှမ်းမှ ခရီးသွားများအတွက် အစိမ်းရောင်ဖြစ်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းနိုင်သော၊ သက်တောင့်သက်သာရှိသော ခရီးသွားဝန်ဆောင်မှုများကို ပေးဆောင်လျက်ရှိရုံသာမက ဒေသခံလမ်းပန်းဆက်သွယ်ရေး အတွက်လည်း အစိမ်းရောင်အသွင်ကူးပြောင်းမှုနှင့် ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ပေးပါသည်။ အဆိုပါ တရုတ်နိုင်ငံထုတ် ဘတ်စ်ကားအစီး ၂၀ သည်  လျှပ်စစ်ဓာတ်အားသုံး ရှုခင်းကြည့် ၂ထပ် ဘတ်စ်ကားများဖြစ်ပါသည်။