တရုတ်အသင်း၏နွေရာသီ အိုလံပစ် ရွှေတံဆိပ်ဆု ၃၀၀ ပြည့်။ နိုင်ငံတော်စားပွဲတင်တင်းနစ် အမျိုးသမီးအသင်းသည် ချန်ပီယံဆု ၅ ခုဆက်တိုက်ရရှိ

(GMT+08:00)2024-08-11 17:02:08  

သြဂုတ်လ ၁၀ ရက်နေ့က ပါရီမြို့အိုလံပစ်အားကစားပြိုင်ပွဲ၏ အမျိုးသမီးစားပွဲတင်တင်းနစ်အသင်း ဗိုလ်လုပွဲတွင် Chen Meng၊ Sun Yingsha နှင့် Wang Manyu တို့ပါဝင်သည့် တရုတ်အသင်းသည် ဂျပန်အသင်းကို အနိုင်ယူကာ ရွှေတံဆိပ်ကို ငါးကြိမ် ဆက်တိုက်ဆွတ်ခူးနိုင်ခဲ့သည်။ တရုတ်အသင်းသည် စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ငါးခုလုံးကို ပထမဆုံးအကြိမ်ရရှိခဲ့သည်။

၎င်းသည် ယခုအကြိမ်အိုလံပစ်အားကစားပြိုင်ပွဲမှာ တရုတ်အားကစားကိုယ်စားလှယ်အဖွဲ့က ရရှိခဲ့သော  ရွှေတံဆိပ် ၃၇ ခုမြောက်ဖြစ်ပြီး နွေရာသီအိုလံပစ်မှာ တရုတ်အားကစားကိုယ်စားလှယ်အဖွဲ့က ရရှိခဲ့သောရွှေတံဆိပ် စုပေါင်း ၃၀၀ ဖြစ်သည်။