ဂျပန်နိုင်ငံ အိုကီနာဝါ က ပြည်သူတွေဟာ ဆန္ဒပြပြီး ဂျပန်မှာ တပ်စွဲထားတဲ့ အမေရိကန်တပ်တွေရဲ့ ရာဇဝတ်မှု လုပ်ရပ်ကို ပစ်တင်ရှုတ်ချ

(GMT+08:00)2024-08-11 17:03:46  

ဂျပန်နိုင်ငံ အိုကီနာဝါ ခရိုင်  Ginowan မြို့၌ ဒေသစံတော်ချိန် ဩဂုတ်လ ၁၀ ရက်နေ့က နိုင်ငံသား တစ်စုသည်  ဂျပန်နိုင်ငံတွင် တပ်စွဲထားသော အမေရိကန် စစ်တပ်၏ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ကျူးလွန်မှုများအပေါ် မကျေနပ်ကြောင်း ဆန္ဒပြပြီး ဂျပန်-အမေရိကန် သဘောတူညီချက်ကို ပြောင်းလဲကာ အမေရိကန် စစ်အခြေစိုက်စခန်းများ၏ အတိုင်းအတာကို လျှော့ချရန်  တောင်းဆိုခဲ့ကြသည်။

ထိုနေ့တွင် လူပေါင်း ၂၀၀၀ ကျော် တက်ရောက်ခဲ့သည်ဟု စည်းရုံးရေးမှူးက ပြောသည်။