China Railway Group မှ သတင်းအရ ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ တရုတ်-ဥရောပ ကုန်တင်ရထား စုစုပေါင်း ၁၁၄၀၃ စီးဖြင့် ကုန်စည် TEUs ၁.၂၂၆ သန်း ပို့ဆောင်ခဲ့ပြီး ယမန်နှစ်အလားတူအချိန်ပိုင်းကထက် ၁၂ ရာခိုင်နှုန်း နှင့် ၁၁ ရာခိုင်နှုန်း အသီးသီး တိုးမြင့်လာခဲ့သည်။ တစ်လမှာ ရထားပေါင်း ၁၇၀၀ ကျော်ဖြင့် သုံးလဆက်တိုက် ပြေးဆွဲခဲ့သည်။ ဆိပ်ကမ်း ကုန်တင်ကုန်ချစွမ်းရည်များ ဆက်လက် တိုးတက်ခဲ့ပြီး ဇန်နဝါရီလမှ ဇူလိုင်လအထိ အနောက်၊ အလယ်ပိုင်းနှင့် အရှေ့ဘက်ရှိ အဓိကသယ်ယူပို့ဆောင်ရေးစင်္ကြံသုံးခုတွင် ပြေးဆွဲနေသော တရုတ်-ဥရောပ ကုန်စည်ရထားအရေအတွက်သည် ယမန်နှစ်အလားတူအချိန်ပိုင်းကထက် ၁၅ ရာခိုင်နှုန်း၊၂၂ ရာခိုင်နှုန်း နှင့် ၂ ရာခိုင်နှုန်း အသီးသီး တိုးလာခဲ့သည်။
ဇန်နဝါရီလမှ ဇူလိုင်လအထိ တရုတ်-ဥရောပ ကုန်တင်ရထား ၁၁၄၀၃ စီး ပြေးဆွဲ
(GMT+08:00)2024-08-11 17:02:43