ဂါဇာဒေသရှိ ပါလက်စတိုင်း နိုင်ငံသား ၂ သန်း ငတ်မွတ်မှုကြောင့် သေဆုံးမှုဟာ တရားမျှတနိုင်ဖွယ် ရှိဟု အစ္စရေးဘဏ္ဍာရေးဝန်ကြီး ဆိုပြီး ၎င်းကို ကုလ လူ့အခွင့်အရေး အေဂျင်စီက ပြင်းပြင်းထန်ထန် ပြစ်တင် ရှုတ်ချ

(GMT+08:00)2024-08-10 15:46:04  

ဒေသစံတော်ချိန် သြဂုတ်လ ၉ ရက်နေ့က ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဂျယ်ရမီ-လောရန့်စ်က ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အဆင့်မြင့် အထူး ကိုယ်စားလှယ်သည် အစ္စရေးဘဏ္ဍာရေးဝန်ကြီး စမော်ထရီချ် ၏ ပြောကြားချက်အပေါ် ထိတ်လန့် တုန်လှုပ်သွားကြောင်း ပြောကြားခဲ့သည်။

ယခုလ ၅ ရက်နေ့က စမော်ထရီချ်သည် ထိန်းသိမ်းခံထားရသူများကို ကယ်ဆယ်ရန်အတွက် ဂါဇာ ဒေသရှိပါလက်စတိုင်း နိုင်ငံသား ၂ သန်း ငတ်မွတ်ခေါင်းပါးမှုကြောင့် သေဆုံးစေခြင်းသည် တရားမျှတကြောင်း ပြောကြားခဲ့သည်။

ဂျယ်ရမီ-လောရန့်စ်က အရပ်သားများကို ငတ်မွတ်သေဆုံး စေခြင်းကို စစ်နည်းဗျူဟာအဖြစ် အသုံး ချမှုသည် စစ်ရာဇ၀တ်မှုဖြစ်ပြီး ပါလက်စတိုင်း ပြည်သူများအား စုပေါင်းပြစ်ဒဏ်ပေးခြင်းသည် စစ်ရာဇဝတ်မှုလည်းဖြစ်ကြောင်း ပြောကြားခဲ့ သည်။