ဘရာဇီးနိုင်ငံ Sao Paulo ပြည်နယ် ၌ဖြစ်ပွားခဲ့သည့် လေယာဉ်ပျက်ကျမှုအတွင်း လိုက်ပါသူအားလုံး သေဆုံး

(GMT+08:00)2024-08-10 15:44:24  

ဘရာဇီးနိုင်ငံSao Paulo ပြည်နယ်၌ ဒေသစံတော်ချိန် ဩဂုတ်လ  ၉ ရက်နေ့က ဖြစ်ပွားခဲ့သည့် လေယာဉ်ပျက်ကျမှုတွင် အသက်ရှင်ကျန်ရစ်သူမရှိကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်းရှိSao Paulo ပြည်နယ် Venedo မြို့မှာ ဩဂုတ်လ ၉ ရက်နေ့က လူ ၆၂ ဦး တင်ဆောင်လာသောလေယာဉ် ပျက်ကျခဲ့တာကို Voepass လေကြောင်းလိုင်းကုမ္ပဏီက အတည်ပြုခဲ့သည်။ အဆိုပါ လေယာဉ်သည် Venedo မြို့ရှိ လူနေရပ်ကွက်တစ်ခု၏ ဥယျာဉ်ထဲသို့ ပျက်ကျခဲ့ခြင်းဖြစ်ပြီး ပျက်ကျရာနေရာရှိ လူနေရပ်ကွက် နှင့် လူများ  ထိခိုက် သေဆုံးမှု မရှိ ဘဲ ဖြစ်စဉ် ၏အကြောင်းရင်းနှင့် အသေအပျောက် အချက်အလက်များကို ဆက်လက် စုံစမ်းနေဆဲ ဖြစ်ကြောင်း သတင်းအရ သိရှိရသည်။