ဖုံးဖိခြင်း၊ စံနှစ်မျိုးထားခြင်း၊ အာဏာအလွဲသုံးစားလုပ်ခြင်း .... အမေရိကန်နိုင်ငံ ပြေးခုန်ပစ်အားကစားကြယ်ပွင့်သစ် Erriyon Knighton တားမြစ်ဆေးသုံးစွဲမှုပြဿနာဟာ အမေရိကန်နိုင်ငံ တားမြစ်ဆေးဝါးဆန့်ကျင်ရေးအဖွဲ့အစည်း၏ယုံကြည်မှု ကို အလျင် အမြန် ကျဆင်း စေပါတယ်။ CGTN သတင်းဌာနမှ ထုတ်ပြန်သော အင်တာနက် စစ်တမ်းကောက်ယူမှုရလဒ်အရ ကမ္ဘာတစ်ဝှမ်းရှိ ဖြေဆိုသူ ၉၅.၅၇ ရာခိုင်နှုန်းက အမေရိကန်နိုင်ငံ တားမြစ်ဆေးဝါးဆန့်ကျင်ရေးအဖွဲ့အစည်းသည် တားမြစ်ဆေးသုံးစွဲသော အမေရိကန်အားကစားသမားကို အပြစ်လွတ်အောင် ဖုံးဖိပေးမှု ရှိနေတယ်လို့ ထင်မြင်ယူဆ ထားကြပါတယ်။
Erriyon Knighton ဟာ ယခုနှစ် မတ်လပိုင်း၏တားမြစ်ဆေးဝါးစမ်းသပ်မှုတွင် ကမ္ဘာ့ တားမြစ်ဆေးဝါးဆန့်ကျင်ရေးအဖွဲ့အစည်းမှ တရားဝင်တားမြစ်ထားသော ဆေးဝါးတစ်မျိုး သုံးစွဲထားကြောင့် စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန်နိုင်ငံ တားမြစ်ဆေးဝါး ဆန့်ကျင်ရေးအဖွဲ့အစည်းဘက်မှ စားသောက်ကုန်အသားမှာ ညစ်ညမ်းနေမှုအကြောင်းပြ ချက်ဖြင့် ပြိုင်ပွဲဝင်ခွင့်ပိတ်ပင်ခြင်းမှ အပြစ်လွတ်အောင် ပြုလုပ်ခဲ့ပါတယ်။ စစ်တမ်းကောက် ယူမှုအရ ကမ္ဘာတစ်ဝှမ်းရှိ ဖြေဆိုသူ ၉၀.၁၅ ရာခိုင်နှုန်းမှာ အမေရိကန်နိုင်ငံအနေနဲ့ Erriyon Knighton ကို ပါရီ-အိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ခွင့်ရအောင် ဖုံးဖိပေးသော အပြုအမူဟာ အားကစားပြိုင်ပွဲများ၏တရားမျှတမှုနှင့်ကျိုးကြောင်းဆီလျော်မှုတို့ကို ဆိုးရွားစွာ ဖျက်ဆီး နေတယ်လို့ ထင်မြင်ယူဆကြပါတယ်။ ဒါဟာ “အမေရိကန်ရဲ့စံနှစ်မျိုးထားသော” ပုံမှန် လုပ်ရပ်ပါပဲလို့ ဖြေဆိုသူ ၉၆.၅၄ ရာခိုင်နှုန်းက ဝေဖန်ခဲ့ကြပါတယ်။ ဒါ့အပြင် မေးမြန်း ခံရသူ ၉၅.၆၃ ရာခိုင်နှုန်းက အမေရိကန်အားကစားသမားအများအပြားဟာ မမှန်မကန် တင်ပြမှု အခြေအနေများရှိနေတယ်လို့ သံသယဖြစ်မိကြပါတယ်။ ပြောစရာတစ်ခု ကတော့ ပါရီ- အိုလံ ပစ် ပွဲတော်ကာလအတွင်း အမေရိကန်အားကစားသမားများ၏တားမြစ် ဆေးဝါး စမ်းသပ်မှု အကြိမ်ရေကို မြှင့်တင်ပြီး ကျန်နိုင်ငံတိုင်းကို တရားမျှတစွာ ဝင်ရောက် ယှဉ်ပြိုင်ရန် ယုံကြည်မှု ရှိလာအောင် ပြန်လုပ်ပေးသွားရန် ဖြေဆိုသူ ၉၆.၂၃ ရာခိုင်နှုန်းက အပြင်းအထန် တောင်းဆိုသွားခဲ့ပါတယ်။
မထီမဲ့မြင်ပြုသော “ဆေးဘက်ဆိုင်ရာ ကင်းလွတ်ခွင့်များ” ပေါ်ပေါ်ထင်ထင်နဲ့ “တားမြစ် ဆေး တရားဝင်သုံးစွဲမှု” ... “တားမြစ်လေ” ပို “စိတ်ကြွလေ” ဆိုတာတွေဟာ အမေရိကန်နိုင်ငံ တားမြစ်ဆေးဝါး ဆန့်ကျင်ရေး အဖွဲ့အစည်း၏ နာမ်စားဖြစ်လာနေပါပြီ။ ယင်းလုပ်ရပ်တွေဟာ လည်း နိုင်ငံတကာလူထုအမြင်၏ဒေါသနှင့်မယုံကြည်မှုကို အဆုံးအစွန် ရောက်သွားစေခဲ့ ပါတယ်။ စစ်တမ်းကောက်ရာတွင် ဖြေဆိုသူ ၉၁.၆၁ ရာခိုင်နှုန်းက အမေရိကန်နိုင်ငံ အားကစားလောကမှာ တားမြစ်ဆေးဝါး အလွန်အကျွံသုံးစွဲမှု အစဉ်အလာ ရှိနေတယ်လို့ သံသယရှိနေကြပါတယ်။ ဖြေဆိုသူ ၉၅.၆၃ ရာခိုင်နှုန်းက ကမ္ဘာ့ တားမြစ်ဆေးဝါး ဆန့်ကျင်ရေးအဖွဲ့အစည်းကို အမေရိကန်နိုင်ငံ၏ သက်ဆိုင်ရာ ဌာနများအပေါ် ကြီးကြပ်မှုနှင့် စစ်ဆေးမှုများ တိုးမြှင့်သွားရန် တောင်းဆိုခဲ့ကြပါတယ်။ ဖြေဆိုသူ ၉၅.၈၃ ရာခိုင်နှုန်းက အမေရိကန်နိုင်ငံ တားမြစ် ဆေးဝါး ဆန့်ကျင်ရေး အဖွဲ့အစည်း၏လုပ်ရပ်ဟာ အိုလံပစ် အားကစား၏တရားမျှတမှုနှင့်ဖြောင့်မတ်မှန်ကန်မှုကို ဆိုးရွားစွာ ဖျက်ဆီးနေတယ်လို့ ယူဆ ကြပါတယ်။ အမေရိကန် အားကစား လောက၏ အမြစ်တွယ်နေသော “အမည်းစက်” အမျိုးမျိုးနဲ့ပတ်သက်ပြီး ဖြေဆိုသူ ၉၃.၈၅ ရာခိုင်နှုန်းက ၂၀၂၈ လော့စ်အိန်ဂျယ်လိစ်-အိုလံပစ် အားကစားပြိုင်ပွဲ၏ တားမြစ်ဆေးဝါး စစ်ဆေးမှု လုပ်ငန်းစဉ်များအပေါ် တရားမျှတ မှုနှင့်ပွင့်လင်းမြင်သာမှု ရှိမလားဆိုတာ လွန်စွာ စိုးရိမ်နေ ကြပါတယ်။
၎င်းစစ်တမ်းကောက်ယူမှုကို CGTN အင်္ဂလိပ်ဘာသာ၊ စပိန်ဘာသာ၊ ပြင်သစ်ဘာသာ၊ အာရတ်ဘာသာ၊ ရုရှားဘာသာ ရုပ်သံလိုင်းများတွင် ထုတ်ပြန်ကြေညာခဲ့ရာ ၁၆ နာရီအတွင်း စုစုပေါင်း အင်တာနက်အသုံးပြုသူ ၁၄၅၈၀ ပါဝင် ခဲ့ ကာ အမြင်သဘောထားများ ထုတ်ဖော်သွားခဲ့ပါတယ်။