ဖီဂျီဝန်ကြီးချုပ် Rabukaသည် တရုတ်နိုင်ငံသို့ ခရီးလှည့်လည်မည်ဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးကို အဆင့်သစ်သို့ တွန်းအားပေးနိုင်ရန် မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနဆို

(GMT+08:00)2024-08-10 15:43:40  

တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန် ၏ ဖိတ်ကြားချက်အရ ဖီဂျီသမ္မတနိုင်ငံ ဝန်ကြီးချုပ်Sitiveni Rabukaသည် သြဂုတ်လ ၁၂ ရက်နေ့မှ ၂၁ ရက်နေ့အထိ တရုတ်နိုင်ငံသို့ တရားဝင် ခရီးလှည့်လည်မည်ဖြစ်သည်။ ခရီးစဉ်အတောအတွင်း နှစ်နိုင်ငံခေါင်းဆောင်တို့သည် တရုတ်-ဖီဂျီ ဆက်ဆံရေးနှင့်အတူ ဂရုစိုက်ကြသောအရေးကြီးကိစ္စရပ်များကို လေးနက်စွာ အမြင်ချင်း ဖလှယ် ကြမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် နှစ်နိုင်ငံအကြား အပြန်အလှန်လေးစားမှုနှင့် ဘုံဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို အဆင့်သစ်သို့ တွန်းအားပေးပြီး ပိုမိုနီးကပ်သော တရုတ်-ပစိဖိတ်ကျွန်းနိုင်ငံများ ကံကြမ္မာတူအသိုက်အဝန်းကို လက်တွဲ တည်ဆောက်ရန် တရုတ်နိုင်ငံက ဆန္ဒရှိကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက သြဂုတ်လ ၉ ရက်နေ့ တွင် ပြောကြားခဲ့သည်။