
ဒေသစံတော်ချိန် သြဂုတ်လ ၉ ရက်နေ့တွင် အမေရိကန် ရီပတ်ဘလစ်ကန် သမ္မတလောင်း၊ သမ္မတဟောင်း ထရန့်သည် လူထုစုဝေးပွဲတစ်ခု တက်ရောက်ရန် လေယာဉ်ဖြင့် Montana ပြည်နယ် Bozeman မြို့သို့ သွားခဲ့ပါသည်။ ယင်းလေယာဉ်သည် ပျံသန်းစဉ် စက်ပိုင်းဆိုင်ရာ ပြဿနာဖြစ်လာသောကြာင့် လမ်းကြောင်း ပြောင်းလဲ ခဲ့ပြီး Bozeman မြို့ အနီးရှိ Billings မြို့တွင် ဘေးကင်းစွာ ဆင်းသက်ခဲ့ပါသည်။








