သြဂုတ်လ ၉ရက်နေ့တွင် China Media Group ၊ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် ကမ္ဘောဒီးယားတော်ဝင်သုတေသနဌာနတို့ ပူးတွဲဦးစီးကျင်းပသော "ခေတ်သစ်တွင် တရုတ်နိုင်ငံက ပြုပြင်ပြောင်းလဲမှု ဇောက်ချပြုလုပ်ခြင်းဖြင့် ကမ္ဘာကြီးအား ဆောင်ကြဉ်း ပေးသည့် အခွင့်အလမ်းများ" နိုင်ငံတကာ ဆွေးနွေးပွဲများ၏ ကမ္ဘောဒီးယား သီးသန့် ဆွေးနွေးပွဲကို ဖနွမ်းပင်မြို့တွင် အောင်မြင်စွာ ကျင်းပခဲ့ပါသည်။
ကမ္ဘောဒီးယားတော်ဝင်သုတေသနဌာနနှင့် ကမ္ဘောဒီးယား-တရုတ်ဆက်ဆံရေး ဖွံ့ဖြိုး တိုးတက်ရေး အသင်းစသည့် အဖွဲ့အစည်းများမှ ပညာရှင်များ၊ နှစ်နိုင်ငံ မီဒီယာပုဂ္ဂိုလ်များ၊ ကမ္ဘောဒီးယားနိုင်ငံရှိ တရုတ်လုပ်ငန်း ကုမ္ပဏီမှ ကိုယ်စားလှယ်များနှင့် ကမ္ဘောဒီးယား လူငယ်ကျောင်းသား ကိုယ်စားလှယ်များ အပါအဝင် ဧည့်သည် ၃၀၀ ကျော်သည် အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ တတိယ အကြိမ် မျက်နှာစုံညီ အစည်းအဝေး၏ ကမ္ဘာနှင့် ကမ္ဘောဒီးယားအတွက် နက်ရှိုင်းသော အဓိပ္ပာယ်နှင့် ခေတ်သစ်တွင် တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုကို တစ်ဆင့်တိုး ဘက်စုံ ဇောက်ချ ပြုလုပ်ရေးနှင့် တရုတ်အသွင်ပုံစံ ခေတ်မီရေးကို တွန်းအားပေးရေးသည် ကမ္ဘောဒီးယား နိုင်ငံအတွက် လေ့လာနိုင်သော အတွေ့အကြုံများနှင့်ပတ်သက်ပြီး လေးနက်စွာ ဆွေးနွေး ခဲ့ကြပါသည်။