အမေရိကန်မီဒီယာများ၏သတင်းဖော်ပြချက် ကြောင့် တရုတ်ရေကူးအဖွဲ့အား စမ်းသပ်မှုများ တိုးမြှင့် လုပ်ဆောင်ခဲ့ သည်ဟု နိုင်ငံတကာ စမ်းသပ်ရေးအေဂျင်စီက ဝန်ခံ

(GMT+08:00)2024-08-10 15:41:41  

ဩဂုတ်လ ၉ ရက်နေ့က နိုင်ငံတကာ စမ်းသပ်ရေးအေဂျင်စီ (ITA) သည် မီဒီယာများ၏ တရုတ်ရေကူးအဖွဲ့ဆိုင်ရာ သတင်းရေးသားဖော်ပြမှုကြောင့် အိုလံပစ်ပွဲတော်မတိုင်မီ တရုတ်ရေကူး အဖွဲ့အား ထပ်လောင်း စမ်းသပ်မှုများ ပြုလုပ်ခဲ့ကြောင်း ဝန်ခံခဲ့သည်။

စာရင်းအရ ယခုနှစ်အစပိုင်းမှစတင်၍ တရုတ်နိုင်ငံ၏ ရေကူးအားကစား သမား ၃၁ ဦးသည် တားမြစ်ဆေးဝါးဆန့်ကျင်ရေးအဖွဲ့အစည်းအသီးသီးမှ ပျမ်းမျှစမ်းသပ်မှု ၂၁ ကြိမ်ကို လက်ခံရရှိခဲ့ပြီး အမေရိကန်ရေကူးအားကစားသမားများကမူ ပျမ်းမျှအားဖြင့် စမ်းသပ်မှု ၆ ကြိမ်သာ ပြုလုပ်ခဲ့ကြသည်ဟု သတင်းအရ သိရပါသည်။