မကြာသေးမီက ဂျပန်နိုင်ငံ ဖမ်းဆီးခဲ့သော ထိုင်ဝမ်ငါးဖမ်းလှေများနှင့် ပတ်သက်၍ သတင်း ထောက်တစ်ဦး၏ အမေးကို ဖြေကြားရာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေး ဆိုခွင့်ရှိသူက တရုတ်အစိုးရသည် ထိုင်ဝမ်အပါအဝင် တရုတ်ငါးဖမ်းသမားများ၏ တရားဝင် အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေးကို အလွန်အလေးထားကြောင်း၊ တရုတ်-ဂျပန် ငါးဖမ်းလုပ်ငန်း သဘော တူညီချက်အရ ဂျပန်နိုင်ငံသည် သက်ဆိုင်ရာ ရေပိုင်နက်အတွင်း တရုတ်ငါးဖမ်းလှေများကို တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်ခွင့် မရှိကြောင်း၊ တရုတ်နိုင်ငံသည် ၎င်း၏မှားယွင်းသော လုပ်ရပ်များကို ချက်ချင်း ပြင်ရန်နှင့် အလားတူဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားစေရန် ထိရောက်သော လုပ်ဆောင်ချက် ကျင့်သုံး ဆောင်ရွက်ရန် ဂျပန်အား တည်ကြည်လေးနက်စွာ အရေး ဆိုခဲ့ကြောင်း ပြောကြားခဲ့ပါသည်။
ထိုင်ဝမ် ငါးဖမ်းလှေကို ဂျပန်က သိမ်းယူမှုအပေါ် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက တုံ့ပြန်
(GMT+08:00)2024-08-10 15:37:05