ဩဂုတ်လ ၆ ရက်နေ့ မှစတင်၍ ရုရှား Kurskပြည်နယ်အပေါ် ယူကရိန်း၏ တိုက်ခိုက်မှုများကြောင့် ကလေး ၉ ဦး အပါအဝင် လူ ၆၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ သက်ဆိုင်ရာ ရုရှားဌာနများက ဒဏ်ရာရသူများအား လိုအပ်တဲ့ ဆေးဘက်ဆိုင်ရာ အကူအညီများကို ပေးလျက်ရှိကြောင်း ရုရှားကျန်းမာရေး ဝန်ကြီး Murashko က ဩဂုတ်လ ၈ ရက်နေ့တွင် မီဒီယာများအား ပြောကြားခဲ့ပါသည်။