အမေရိကန်ဘက်သည် စိတ်ကြွမူးယစ်ဆေး အသုံးပြုခြင်း ပြဿနာနှင့် ပတ်သက်၍ ကမ္ဘာကို ရှင်းပြချက် တစ်ခု ပေးရမည်

(GMT+08:00)2024-08-09 16:27:35  

     

လက်ရှိတွင် ပါရီ အိုလံပစ် အားကစားပွဲတော်ကို ကျင်းပနေသည်။ ဒေသ စံတော်ချိန် ယခုလ ၇ရက်နေ့က ကမ္ဘာ့ စိတ်ကြွမူးယစ်ဆေး အသုံးပြုမှု ဆန့်ကျင်ရေး အေဂျင်စီ(WADA)မှ ထုတ်ပြန်ကြေညာချက်တွင် ၂၀၁၁ခုနှစ် မှစ၍ အမေရိကန်  စိတ်ကြွမူးယစ်ဆေး အသုံးပြုမှု ဆန့်ကျင်ရေး အေဂျင်စီ(USADA)သည် အမှု ၃မှုထက်မနည်းတွင် steroidနှင့် EPOကို သုံးစွဲသည့် အမေရိကန် အားကစားသမားများကို စွပ်စွဲအရေးယူမှု ကင်းလွတ်ခွင့် ပေးပြီး  စိတ်ကြွမူးယစ်ဆေး သုံးစွဲသည့် အားကစား သမားများကို ပြိုင်ပွဲများတွင် ဆက်လက် ပါဝင် ယှဉ်ပြိင်ရန် ခွင့်ပြုခဲ့ကြောင်း၊ ယင်းလုပ်ရပ်မျိုးသည် အားကစား ပြိုင်ပွဲ၏ တရားမျှတမှုကို ဖျက်ဆီးပြီး သက်ဆိုင်ရာ အားကစား သမားများ၏ ဘေးကင်းရေးကိုလည်း ခြိမ်းခြောက်ခဲ့ ကြောင်း ဖော်ပြ ထားပါ သည်။

သို့သော် ရယ်စရာကောင်းသည်မှာ အမေရိကန် မီဒီယာနှင့် သက်ဆိုင်ရာ အေဂျင်စီများ သည် သတင်းအတုလုပ်ပြီး အခြားနိုင်ငံများမှ အားကစား သမားများ သက်ဆိုင်ရာ စည်းမျဉ်းဥပဒေကို ကျောခိုင်းကာ စိတ်ကြွမူးယစ်ဆေးကို အသုံးပြုကြောင်း ပုတ်ခတ် ပြောဆို ခဲ့ပါသည်။ အမေရိကန်သည် စံချိန် ၂မျိုး ထပ်မံ ကျင့်သုံးပြီး အားကစားကို နိုင်ငံရေး ကိစ္စ အဖြစ် လုပ်နေခြင်း ဖြစ်သည်။ မကြာခင် နှစ်များတွင် တရုတ် အပါအဝင် နိုင်ငံများ၏ အားကစား ယှဉ်ပြိုင်နိုင်စွမ်း အဆက်မပြတ် တိုးမြင့်လာသည့် အတွက် အမေရိကန်သည် ပြေးခုန်ပစ်နှင့် ရေကူးစသည့် ပွဲစဉ်များတွင် မူလ အားသာချက်များ အားနည်းလာ၊ သို့မဟုတ် ဆုံးနိမ့်ခဲ့သည်။ ထို့ကြောင့် အမေရိကန်မှ လူအချို့ကို စိုးရိမ်မှုများ ဖြစ်စေခဲ့သည်။ ၄င်းတို့သည် “စိတ်ကြွ မူးယစ်ဆေး  ပြဿနာ”ဆိုသည်ကို အကြောင်းပြုပြီး သတင်းဖြန့်ကာ အခြား နိုင်ငံများမှ အားကစားသမားများကို  အနှောင့်အယှက်ပေးသည်။ ဥပမာ ပြောရလျှင် ၄င်းတို့သည် တရုတ် နိုင်ငံကို ရည်ရွယ်ပြီး “စိတ်ကြွ မူးယစ်ဆေး ပြဿနာ” ဆိုသည်ကို သတင်းဖြန့်ကာ တရုတ် အားကစား သမားများနှင့် တရုတ် နိုင်ငံ၏ ဂုဏ်သိက္ခာများကို သရုပ်ဖျက်သည်။

သက်ဆိုင်ရာ လူသိရှင်ကြား ထုတ်ပြန်ချက် အရ ယခုနှစ် ဇန်နဝါရီလ လဆန်းမှ ပါရီ အိုလံပစ် အားကစား ပွဲတော် မကျင်းပခင် အထိ တရုတ် ရေကူး အသင်းမှ အားကစား မောင်မယ်များသည် လူတစ်ဦးချင်း ပျမ်းမျှအားဖြင့် သက်ဆိုင်ရာ စိတ်ကြွမူးယစ်ဆေး ဆန့်ကျင်ရေး အေဂျင်စီမှ စစ်ဆေးမှု ၂၁ကြိမ် လက်ခံခဲ့ပြီး အမေရိကန်နှင့် ဩစတြေးလျ ရေကူးအသင်းများမှ လူတစ်ဦးချင်း ပျမ်းမျှအားဖြင့် ၆ကြိမ်နှင့် ၄ကြိမ်ထက် များစွာ ပိုများ ကြောင်း သိရသည်။ နိုင်ငံတကာ အိုလံပစ် ကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ Mark Adamsက တရုတ် ရေကူး အသင်းသည် ဘက်စုံစစ်ဆေးမှုကို ခံခဲ့ရကြောင်း ပြောကြားခဲ့ သည်။

အိုလံပစ် စိတ်ဓာတ်ကို အမေရိကန် ပုံစံ ဗိုလ်ကျ စိုးမိုးမှု အာဏာက မလွှမ်းမိုးစေနဲ့။ စိတ်ကြွမူးယစ်ဆေး ဆန့်ကျင်ရေး လုပ်ငန်းသည်  နိုင်ငံ တစ်နိုင်ငံကို သရုပ်ဖျက်ရန်နှင့် ဖိနှိပ်ရန် လက်ကိုင်တုတ် မဖြစ်သင့်ပါ။ သက်ဆိုင်ရာ အေဂျင်စီ အနေနှင့် အမေရိကန်၏ “ကမ္ဘာ့ စိတ်ကြွဆေး ဆန့်ကျင်ရေး စည်းမျဉ်းဥပဒေ”ကို ဆိုးရွားစွာ ဖောက်ဖျက်မှုအား ဖုံးကွယ်မှုနှင့် ပတ်သက်၍ သီးခြားလွတ်လပ်သော စုံစမ်းစစ်ဆေးမှုကို ပြလုပ်ရန် လိုအပ်သည်။ တရားမျှတစွာ အားကစား ယှဉ်ပြိုင်မှု အပေါ် တစ်ကမ္ဘာလုံးက အားကစားသမားများ၏ ယုံကြည်မှုကို ပြန်လည် ထူထောင်ရန်နှင့် အိုလံပစ် အားကစား အတွက် သန့်စင်လုံခြုံသော ပတ်ဝန်းကျင်ကို ဖန်တီးပေးရန် အတွက် အမေရိကန်ဘက်သည် ၄င်း၏ ပြဿနာကို မှန်ကန်စွာ ရှုမြင်ပြီး စိတ် ကြွဆေး အသုံးပြုခြင်း ပြဿနာနှင့် ပတ်သက်၍ ကမ္ဘာကို ရှင်းပြချက် တစ်ခု ပေးရမည် ဖြစ်သည်။