ရေလက်ကြားနှစ်ဖက်ကမ်းဆက်ဆံမှု ထိခိုက်စေသူများကို ဖယ်ထုတ်ရှင်းပစ်ပြီး ထိုင်ဝမ်ရေလက်ကြား အေးချမ်းတည်ငြိမ်မှုကို အခြေခံ ကျကျ ထိန်းသိမ်းရမည်ဟု တရုတ်နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံးကဆို

(GMT+08:00)2024-08-09 16:24:16  

   ယခုလ ၈ ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံးမှ ပြောရေးဆိုခွင့်ရှိသူ ကျူဖုန့်လျန်က ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး၊ ထိုင်းဝမ်ကို  မည်သည့်အမည်နှင့်  နည်းလမ်းဖြင့်မဆို တရုတ်နိုင်ငံမှ ခွဲထွက်ရန်  “ထိုင်ဝမ်သီးခြားတည်ရှိ ရေး” ခွဲထွက်မှုအင်အားစုများ၏ ကြံစည်မှုများအား တစ်ပြားသားမှ ခွင့်ပြုမည်မဟုတ် ကြောင်း၊ ရေလက်ကြားနှစ်ဖက်ကမ်းဆက်ဆံမှု ထိခိုက်စေသူများကို ဖယ်ထုတ်ရှင်းပစ်သည့် ရည်ရွယ်ချက်မှာ ထိုင်ဝမ်ရေလက်ကြား အေးချမ်းတည်ငြိမ်မှုကို အခြေခံကျကျ ထိန်းသိမ်းရန်နှင့် ထိုင်ဝမ် မွေးချင်းပေါက်ဖော်များ၏ လုံခြုံမှုနှင့် ချမ်းမြေ့သာယာမှုကို အာမခံပေးရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရပါသည်။