ဩဂုတ်လ ၈ရက်နေ့က တရုတ် စိတ်ကြွ မူးယစ်ဆေး တိုက်ဖျက်ရေးစင်တာသည် “အမေရိကန် စိတ်ကြွ မူးယစ်ဆေးတိုက်ဖျက်ရေးအဖွဲ့အစည်းမှ စိတ်ကြွ မူးယစ်ဆေးသုံးစွဲရေး ချိုးဖောက် မှုများ ဖုံးကွယ်ခြင်းကို သီးခြားလွတ်လပ်သော စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် မိမိတို့ တောင်းဆို” ဟူသော စာတမ်းကို ထုတ်ပြန်ခဲ့ပါသည်။ တရုတ်စိတ်ကြွ မူးယစ်ဆေး တိုက်ဖျက်ရေးစင်တာက အမေရိကန် လွှတ်တော်၊ USADA ကောင်စီ တို့အနေနှင့် မိမိတို့နိုင်ငံတွင် ဖြစ်နေသည့် ဆိုးရွားသည့် စိတ်ကြွ မူးယစ်ဆေး ပြဿနာကို မှန်ကန်စွာ ရှုမြင် ပြီး ကိုယ့်နိုင်ငံ၌ စိတ်ကြွ မူးယစ်ဆေးတိုက်ဖျက်ရေးလုပ်ငန်း၏ အင်အားကို တိုးဖြည့်ကာ “လက်တံရှည် အုပ်ချုပ်မှု”နှင့် အခြားနိုင်ငံများ၏ စိတ်ကြွ မူးယစ်ဆေး တိုက်ဖျက်ရေး လုပ်ငန်းကို ဆိုးရွားစွာဝင်ရောက်စွက်ဖက်မှုလုပ်ရပ်ကို ချက်ချင်းရပ်စဲရန် ပြင်းထန်စွာ တိုက်တွန်းကြောင်း၊ USADAမှ “ကမ္ဘာ့ စိတ်ကြွ မူးယစ်ဆေး တိုက်ဖျက်ရေး စည်းမျဉ်း”ကို ဆိုးရွားစွာချိုးဖောက်မှု ဖုံးကွယ်ခြင်းလုပ်ရပ်ကို သီးခြားလွတ်လပ်သောစုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် ပြင်းထန်စွာ တောင်းဆိုထားကြောင်း သတင်းအရ သိရှိ ရသည်။
အမေရိကန်မှ စိတ်ကြွ မူးယစ်ဆေးသုံးစွဲမှုများ ဖုံးကွယ်ခြင်းကို စုံစမ်းစစ်ဆေးရန် တောင်း ဆိုသည်ဟု တရုတ် စိတ်ကြွ မူးယစ်ဆေး တိုက်ဖျက်ရေးစင်တာမှ နောက်ထပ် စာတမ်း တစ်ခုကို ထုတ်ပြန်
(GMT+08:00)2024-08-09 16:24:59