ဒေသစံတော်ချိန် ဩဂုတ်လ ၇ ရက်နေ့ည၊ ကနေဒါနိုင်ငံ မွန်ထရီရယ်မြို့မှာ ရုံးစိုက်တဲ့ ကမ္ဘာ့တားမြစ် ဆေးဝါး ဆန့်ကျင်ရေးအဖွဲ့အစည်း (WADA) မှ ထုတ်ပြန်ချက်တစ်ခု ကြေညာခဲ့ပြီး အဲဒီနေ့အစောပိုင်း မှာ ဖော်ပြခဲ့တဲ့သတင်းဆောင်းပါးတစ်ခုအပေါ် ပြန်လည်ဖြေကြားခဲ့ပါတယ်။ ယင်းသတင်းဆောင်းပါးဟာ အမေရိကန်နိုင်ငံ တားမြစ်ဆေးဝါးဆန့်ကျင်ရေးအဖွဲ့အစည်း (USADA) ရဲ့ တားမြစ်ဆေးသုံးစွဲထားသော အားကစားသမားများကို နှစ်ပေါင်းများစွာ ပြိုင်ပွဲဝင်ခွင့်ပေးထားပြီး အနည်းဆုံး ဖြစ်ရပ်တစ်ခု ကြေညာခဲ့ခြင်း သို့မဟုတ် တားမြစ်ဆေးသုံးစွဲ၍ စည်းကမ်းချိုးဖောက် သော အပြုအမူများအား ဆန့်ကျင်ခြင်းမျိုး မရှိခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။ ဒါဟာ “ကမ္ဘာ့တားမြစ်ဆေးဝါးဆန့်ကျင်ရေးစည်းကမ်း” နဲ့ အမေရိကန်နိုင်ငံ တားမြစ်ဆေးဝါးဆန့်ကျင်ရေး အဖွဲ့အစည်းကိုယ်တိုင် ချမှတ်ခဲ့တဲ့စည်းမျဉ်းဥပဒေများကို ချိုးဖောက်လိုက်ခြင်းပဲဖြစ်ပါတယ်။
၁၉၈၈ ခုနှစ် ဆိုးလ်-အိုလံပစ်အားကစားပွဲတော် မတိုင်မီ ၃ ကြိမ် စစ်ဆေးရာ တားမြစ်ဆေးသုံးစွဲထား ကြောင်း တွေ့ရှိခဲ့သော်လည်း နောက်ဆုံးမှာ “ခွင့်လွှတ်နားလည်” ပေးခဲ့ပါတယ်လို့ အမေရိကန်နိုင်ငံ အိုလံပစ်ရွှေတံဆိပ်ဆု ၉ ခုရရှိထားသူ ကားလ်လူးဝစ် (Carl Lewis) ကိုယ်တိုင်ဝန်ခံခဲ့ပါတယ်။ အေသင် အိုလံပစ်အားကစားပွဲတော် မီတာ ၁၀၀ အပြေးပြိုင်ပွဲချန်ပီယံ ဂျက်စတင် ဂတ်တလင်း (Justin Gatlin) ကို တားမြစ်ဆေးသုံးစွဲထားကြောင်း ၂ ကြိမ်တိတိ စစ်ဆေးတွေ့ရှိခဲ့ပြီး စည်းမျဉ်းဥပဒေအရ တစ်သက်တာ ပြိုင်ပွဲဝင်ခွင့်ပိတ်ပင်ခံရသင့်ပါတယ်။ ဒါပေမဲ့ အမေရိကန်နိုင်ငံ တားမြစ်ဆေးဝါး ဆန့်ကျင်ရေးအဖွဲ့အစည်း (USADA) ဟာ ယင်းအားကစားသမားကို အပြစ်လွတ်ရန် ကြိုးစားပေးခဲ့ပြီး နောက်ဆုံးမှာ ပြိုင်ပွဲပိတ်ပင်မှုကို ၄ နှစ်အထိ လျှော့ချခဲ့ပါတယ်။
တရားဝင်ဖော်ပြသော အမှုများအပြင် တားမြစ်ဆေးဝါးဆန့်ကျင်မှုဆိုင်ရာ စည်းကမ်းများကို ပြင်းထန်စွာ ချိုးဖောက် ထားသည့် အားကစားသမားကို နှစ်ပေါင်းများစွာ ပြိုင်ပွဲဝင်ခွင့်ပြုထားသောအမှု အနည်းဆုံး ၃ မှု ရှိ နေတယ်လို့ လက်ရှိမှာ ကမ္ဘာ့တားမြစ်ဆေးဝါးဆန့်ကျင်ရေးအဖွဲ့အစည်းမှ သိရှိထားပါတယ်။ ယင်း အားကစားသမားများဟာ အမေရိကန်နိုင်ငံ တားမြစ်ဆေးဝါး ဆိုင်ရာ အဖွဲ့အစည်းရဲ့ သတင်း ပေးသူများ လည်း ဖြစ်နေပါတယ်။ အမေရိကန်နိုင်ငံ တားမြစ်ဆေးဝါး ဆန့်ကျင်ရေး အဖွဲ့ အစည်းမှ ကမ္ဘာ့တားမြစ် ဆေးဝါးဆန့်ကျင်ရေးအဖွဲ့အစည်းကို အသိပေး အကြောင်း ကြားခြင်း မရှိတဲ့ ယင်း လုပ်ရပ်များဟာ ကမ္ဘာ့တားမြစ်ဆေးဝါးဆန့်ကျင်ရေးအဖွဲ့အစည်း၏ “စည်းမျဉ်း စည်းကမ်း” အရ ဖြစ်စေ၊ အမေရိကန် နိုင်ငံ၏ကိုယ်ပိုင်စည်းမျဉ်းစည်းကမ်းအရဖြစ်စေ ယင်း လုပ်ရပ် များကို မည်သည့် စည်းကမ်းချက်နဲ့မှ ခွင့်ပြုထားခြင်းမရှိပါဘူး။
အမေရိကန်အားကစားသမား ဂီလ်ရောဘတ် (Gil Roberts)ဟာ အိုလံပစ်အားကစားပွဲမှာ မီတာ ၄၀၀ လက်ဆင့်ကမ်းအပြေးပြိုင်ပွဲ ရွှေတံဆိပ်ဆု ရရှိခဲ့ဖူးပြီး ၂၀၁၇ ခုနှစ်မှာ သူဟာ ချစ်သူနဲ့နမ်းတဲ့ အမှု ကြောင့် တားမြစ်ဆေးသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိရတာပါဆိုတဲ့အကြောင်းပြချက်နဲ့ USADA အဖွဲ့ အစည်းရဲ့ “အပြစ်ကင်းလွတ်ခွင့်” ကို ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ဂီလ်ရောဘတ်က ၂၀၂၂ ခုနှစ်မှာ တားမြစ်ဆေးဝါးသုံးစွဲထားကြောင်း ထပ်မံစစ်ဆေးတွေ့ရှိခဲ့ပြီး ၁၆ လအကြာ ပြိုင်ပွဲပိတ်ပင်ခြင်း အပြစ် ပေးခံရပါတယ်။ ၂၀၂၃ ခုနှစ်မှာ ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်လာခဲ့ပြီး ၈ လအကြာမှာ ဂီလ် ရောဘတ်ဟာ တားမြစ်ဆေးသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိခြင်းကြောင့် ၈ နှစ်အကြာ ပြိုင်ပွဲ ပိတ်ပင်ခံရပြန်ပါတယ်။ စည်းကမ်းဖောက်ဖျက်သော အားကစားသမားများ အကြိမ်ကြိမ် ပြန်လည် ဝင်ရောက်ခွင့်ရပြီး အခြားအားကစားသမားများနဲ့အတူ ယှဉ်ပြိုင်ခဲ့တဲ့အတွက် အားကစားပြိုင်ပွဲရဲ့ တရားမျှတမှုကို ဆိုးရွားစွာ ထိခိုက်လာနေပါတယ်။
တကယ်လို့ တခြားအားကစားသမားများအနေနဲ့ မိမိမှာ အမေရိကန်နိုင်ငံ တားမြစ်ဆေးဝါး ဆန့်ကျင်ရေးအဖွဲ့အစည်းမှ တားမြစ်ဆေးသုံးစွဲခွင့်ပြုထားသူတို့နဲ့အတူ ဝင်ရောက်ယှဉ်ပြိုင်နေရ တယ်လို့ သိရှိသွားခဲ့ရင် ဘယ်လိုခံစားရမလဲဆိုပြီး ကမ္ဘာ့တားမြစ်ဆေးဝါး ဆန့်ကျင်ရေး အဖွဲ့အစည်းမှ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။ ရယ်စရာကောင်းတဲ့အချက်ကတော့ အမေရိကန် နိုင်ငံ တားမြစ်ဆေးဝါးဆန့်ကျင်ရေးအဖွဲ့အစည်းက အခြားသော တားမြစ်ဆေးဝါးဆန့်ကျင်ရေး အဖွဲ့အစည်းများကို စည်းကမ်းလိုက်နာခြင်းမရှိဘူးလို့ ဟန်ဆောင်သံသယဝင်ခဲ့ပြီး သူကိုယ်၌က တားမြစ်ဆေးဝါးသုံးစွဲမှုဖြစ်စဉ်ကို ဘယ်တုန်းကမှ ထုတ်ဖော်ခဲ့ခြင်းမရှိဘဲ တားမြစ်ဆေးသုံးစွဲ ထားသူတို့ကို ပြိုင်ပွဲဝင်ပြိုင်ခွင့် ပေးထားခဲ့တဲ့အပြင် ယင်းတားမြစ်ဆေးသုံးစွဲထားသူများဖြင့် စည်းကမ်းချိုးဖောက်မှုရှိနိုင်တဲ့အခြားအားကစားသမားများကို အမေရိကန်နိုင်ငံဘက်မှ ရှာဖွေတွေ့ရှိ နိုင်ရန် မျှော်လင့်ထားပါတယ်။