ယခုနှစ် ပထမ၇လပတ်တွင် တရုတ်နိုင်ငံ၏ ကုန်ပစ္စည်း ကုန်သွယ်မှု ဆိုင်ရာ သွင်းကုန်ပို့ကုန် စုစုပေါင်းပမာဏမှာ တရုတ် ယွမ် ဘီလီယံ ၂၄၈၃၀ ရှိပြီး ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၆.၂ ရာခိုင်နှုန်း တိုးများလာကာ နိုင်ငံခြား ကုန်သွယ်မှု ပမာဏသည် ယခင်နှစ် အလားတူ အချိန်များကထက် စံချိန်သစ် တင်နိုင်ခဲ့ကြောင်း ဩဂုတ်လ ၇ရက်နေ့က တရုတ်အကောက်ခွန် ဌာနချုပ်မှ ထုတ်ပြန်ခဲ့ပါသည်။
တရုတ်ပြည်၏ နိုင်ငံခြား ကုန်သွယ်မှု တည်ငြိမ်ကောင်းမွန်ခြင်းသည် တရုတ် စီးပွားရေး၏ ရေရည်ခိုင်မာမှု ရှိခြင်းနှင့် ရှင်သန်မှုများကို ပြသနေသည့် အပြင်၊ ကမ္ဘာ အတွက် အကျိုးများစွာကို ဆောင်ကြဉ်းလာနိုင်မည်။
ပထမ အချက်က တရုတ် နိုင်ငံ၏ အလွန်ကြီးမားသည့် ဈေးကွက်သည် အခွင့်အလမ်းများကို ဆောင်ကြဉ်းလာနိုင်မည်။ တရုတ် နိုင်ငံသည် အရည်အသွေးမြင့်မား သည့် ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်လာသည်နှင့်အမျှ စားသုံးမှု နယ်ပယ်တွင် ထူးခြားသော လက္ခဏာကို ရှာဖွေရန်၊ မြင့်မားသော အရည်အသွေးကို ရှာဖွေရန်နှင့် စားသုံးမှု အသွင်ပုံစံ စုံလင်မှုကို ရှာဖွေရန် စားသုံးများ၏ လိုအပ်ချက် ဆိုင်ရာ ပြောင်းလဲမှုများ အရှိန်မြင့်လာခြင်း သည် သွင်းကုန် တိုးမြှင့်ရန် အဓိက တွန်းအားဖြစ်မည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ သွင်းကုန်ကို တစ်ဆင့်တိုးချဲ့ရန်နှင့် တရုတ် လယ်ယာထွက်ကုန်နှင့် အစားအသောက် ကုန်ပစ္စည်းများ ဈေးကွက်သို့ နိုင်ငံခြား ကုန်ပစ္စည်းများ ဝင်ရောက်ဖို့ သတ်မှတ်ထားတဲ့ သက် ဆိုင်ရာစံနှုန်းများကို ခြေလှမ်းမှန်မှန်ဖြင့် တိုးချဲ့လျှော့ပေါ့ပေးရန် ဆောင်ရွက်ချက်များသည် နိုင်ငံ အသီးသီး အနေနှင့် တရုတ် ဈေးကွက်၏ အခွင့်အလမ်းများကို အတူမျှဝေရန် အတွက် အဆင်ပြေမှုများကို ဖန်တီးပေးမည် ဖြစ်ကြောင်း အကဲခတ် ပုဂ္ဂိုလ်များက ယူဆကြပါသည်။
တစ်ချိန်တည်းတွင် တရုတ် နိုင်ငံမှ ဒေသ ထူးခြားချက် ဝိသေသနှင့် အညီ အရည်အသွေးသစ် ကုန်ထုတ်စွမ်းအားကို ဖွံ့ဖြိုးတိုးတက်စေရေးသည် ကမ္ဘာ အတွက် ဖွံ့ဖြိုးတိုးတက်မှု တွန်းအားသစ်များကို ဖော်ဆောင်ပေးနေပါသည်။ တရုတ် လုပ်ငန်း ကုမ္ပဏီများသည် သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှုများ၊ ပြည့်စုံသော စက်မှုလုပ်ငန်း ကွင်းဆက်၊ ထောက်ပံ့ရေး ကွင်းဆက်နှင့် အားကောင်းသော ကုန်ထုတ်စွမ်းအားများဖြင့် ကမ္ဘာ အတွက် အရည်အသွေး ကောင်းမွန်သော ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို ထောက်ပံ့ပေးပါသည်။
ရေရှည် ရှုထောင့်မှ ကြည့်လျှင် တရုတ်ပြည်၏ နိုင်ငံခြား ကုန်သွယ်ရေးသည် တစ်ကမ္ဘာလုံး စက်မှုလုပ်ငန်း ကွင်းဆက်နှင့် ထောက်ပံ့ရေး ကွင်းဆက်၏ တည်ငြိမ်မှုကို ထိန်းသိမ်းကာကွယ်ရေး အတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက် နေသည်။ တရုတ် ကွန်မြူနစ်ပါတီ၏ ၁၈ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ ကျင်းပပြီးနောက်ပိုင်းတွင် တရုတ်ပြည်၏ နိုင်ငံခြား ကုန်သွယ်မှု ပမာဏသည် နှစ်စဉ် ပျမ်းမျှအားဖြင့် ယွမ်ငွေ ၁.၆ ထရီလီယံ တိုးလာပြီး အလတ်စား နိုင်ငံ တစ်နိုင်ငံ၏ နှစ်စဉ် သွင်းကုန်ပို့ကုန် ပမာဏနှင့် ညီမျှပါသည်။ ယင်းသည် ကမ္ဘာ့ စီးပွားရေး နာလန်ပြန်ထူခြင်း အတွက် အလွန် အရေးကြီးသည်။
တရုတ် နိုင်ငံသည် နိုင်ငံခြားသို့ တံခါးဖွင့်မှုကို ဆက်တိုက် တိုးချဲ့ဆောင်ရွက်ပြီး အရည်အသွေးမြင့်မားသည့် ဖွံ့ဖြိုးတိုးတက်မှုနှင့် ရေရှည်ခိုင်မာမှု များစွာရှိသည့် နိုင်ငံခြား ကုန်သွယ်မှုများကို ဆက်လက် ဖော်ဆောင်ကာ ကမ္ဘာ အတွက် ပိုမိုများပြားသည့် အကျိုးအမြတ်များကို ဆောင်ကြဉ်းလာမည် ဖြစ်သည်။