လူသား ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးသည် ရှီကျင့်ဖိန်၏ နိုင်ငံခြားရေး အတွေးအခေါ် အမြုတေ ကြံဆချက် ဖြစ်ပြီး ခေတ်ကာလသစ်တွင် တရုတ် ထူးခြားချက် လက္ခဏာပါရှိသော နိုင်ငံကြီး သံတမန်ရေး ဆောင်ရွက်ရာ၌ ရှာဖွေသည့် မွန်မြတ်သော ရည်မှန်းချက်လည်း ဖြစ်သည်။ ယခုနှစ်တွင် ရှီကျင့်ဖိန်သည် နိုင်ငံကြီး ထိပ်သီးခေါင်းဆောင်၏ ကမ္ဘာတစ်ဝန်းလုံးမြင်ကွင်း(global vision)နှင့် သဘောထားနှင့် တာဝန်ယူတတ်ခြင်းဖြင့် ထိပ်သီးခေါင်းဆောင် သံတမန်ရေးကို တက်ကြွစွာ ဆောင်ရွက်ပြီး ကမ္ဘာ့ နိုင်ငံ အသီးသီးနှင့် အတူ ခေတ်မီရေး လမ်းကြောင်းပေါ် လက်တွဲ ချီတက်ကာ လူ့ဘောင်အဖွဲ့အစည်း အတွက် ပိုမိုသာယာကောင်းမွန်သော အနာဂတ်ကို ဖန်တီးပေးနေပါသည်။ “တရုတ် အသွင်ပုံစံ ခေတ်မီရေး အခန်းကဏ္ဍသစ်ကို ကြိုးပမ်းဖွင့်လှစ်ရန်- ယခုနှစ်တွင် အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်၏ တိုင်းပြည် စီမံအုပ်ချုပ်ရေး” ရုပ်သံ မှတ်တမ်းတင်ကား အစီအစဉ်များ၏ အပိုင်းတစ်ပိုင်း ဖြစ်သည့် “တရုတ် ထူးခြားချက် ပါရှိသော နိုင်ငံကြီး သံတမန်ရေးကို ဦးဆောင်ပြီး လူသား ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးကို တွန်းအားပေး” ရုပ်သံ အစီအစဉ်ကို ယခုလ ၆ရက်နေ့က ထုတ်လွှင့်ခဲ့ပါသည်။
“တရုတ် ထူးခြားချက် ပါရှိသော နိုင်ငံကြီး သံတမန်ရေးကို ဦးဆောင်ပြီး လူသား ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးကို တွန်းအားပေး” ရုပ်သံ မှတ်တမ်းတင်ကားကို ၆ရက်နေ့က ထုတ်လွှင့်
(GMT+08:00)2024-08-07 14:54:20