ဒေသစံတော်ချိန် ၂၀၂၄ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့က တရုတ်-ကမ္ဘောဒီးယား ယဉ်ကျေးမှုစင်္ကြံဖွင့်ပွဲ အခမ်းအနားကို ကမ္ဘောဒီးယားနိုင်ငံ Siem Reapမြို့ရှိ အန်ကော အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကျင်းပခဲ့ပါသည်။ အဆိုပါလှုပ်ရှားမှုကို ကမ္ဘောဒီးယားနိုင်ငံ သတင်းရေးရာ ဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်အစိုးရ သတင်းပြန်ကြားရေးရုံးတို့သည် အခြားအဖွဲ့များနှင့်အတူ ဦးစီးကျင်းပခဲ့ခြင်းဖြစ်ပြီး တရုတ်နှင့် ကမ္ဘောဒီးယားနှစ်နိုင်ငံတို့အကြား ယဉ်ကျေးမှုကူးလူးဖလှယ်မှုများ ပိုမိုနက်ရှိုင်းလာစေရန်နှင့် “ယူနန်ကို ခရီးသွား၊ အန်ကောကို ကြည့်ရှုလည်ပတ်” လှုပ်ရှားမှု၏ ရလဒ်များ မျှဝေစေရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း သတင်းအရ သိရပါသည်။
တရုတ်-ကမ္ဘောဒီးယား ယဉ်ကျေးမှုစင်္ကြံကို Siem Reap အန်ကော အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖွင့်လှစ်
(GMT+08:00)2024-08-07 14:57:34