နိုင်ဂျာသည် ယူကရိန်းနှင့် သံတမန်ဆက်ဆံမှု ဖြတ်တောက်ကြောင်း ကြေညာ

(GMT+08:00)2024-08-07 14:43:28  

နိုင်ဂျာ စစ်အစိုးရမှ ပြောရေးဆိုခွင့်ရှိသူ Amadou Abdelrahman သည် ယခုလ ၆ ရက်နေ့က အမျိုးသားရုပ်မြင်သံကြားဌာနမှတစ်ဆင့် ကြေညာချက်ထုတ်ပြန်ပြီး၊ နိုင်ဂျာသည် ယူကရိန်းနှင့် သံတမန်ဆက်ဆံမှုကို ချက်ခြင်းဖြတ်တောက်ကြောင်းဖော်ပြခဲ့ပါသည်။

ထိုကြေညာချက်တွင် Abdelrahman က ယူကရိန်းမှ အကြမ်းဖက်အဖွဲ့အစည်းများအား ထောက်ပံ့ပေးခြင်းကို ပြစ်တင်ရှုတ်ချပြီး၊ ယူကရိန်း၏ “ကျူးကျော်မှုလုပ်ရပ်” အပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ စီရင်ချမှတ်နိုင်ရန် မျှော်လင့်ကြောင်းလည်း ဖော်ပြခဲ့သည် ဟု သတင်းအရသိရပါသည်။