တရုတ်ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်အဖွဲ့သည် ဥရုဂွေးသို့ သွားရောက်

(GMT+08:00)2024-08-07 14:34:05  

သြဂုတ်လ ၅ရက်နေ့မှ ၆ရက်နေ့အထိ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာ ဆက်သွယ်ရေး ဌာန ဝန်ကြီး လျူကျန့်ချောင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဥရုဂွေးသို့ သွားရောက် ခရီးလှည့်လည်ခဲ့ကြောင်း၊ ဥရုဂွေး သမ္မတ ရာခါရီ၊ အောက်လွှတ်တော်ဥက္ကဋ္ဌ အိုလီဗီရာ၊ နိုင်ငံခြားရေးဝန်ကြီး ဖာကြာနီနီ၊ Blancosပါတီ ဥက္ကဋ္ဌလိုဗီအိုနှင့်သမ္မတလောင်းတယ်လ်ကာတို၊ Frente Amplioပါတီ ဥက္ကဋ္ဌ ဖေလေလားနှင့် သမ္မတလောင်း အိုလ်စီတို့နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ရာ တရုတ်-ဥရုဂွေး ဆက်ဆံရေးနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ကြောင်း၊ တရုတ်ကွန်မြူပါတီ ကိုယ်စားလှယ်အဖွဲ့သည် ဥရုဂွေးမီဒီယာ၊ တတ်သိပညာရှင်များအဖွဲ့နှင့် တက္ကသိုလ်ကောလိပ် ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးပြီး တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက်   ဗဟို ကော်မတီ တတိယအကြိမ် မျက်နှာစုံညီ အစည်းအဝေး၏ အနှစ်သာရကို နက်ရှိုင်းစွာ မိတ်ဆက်ခဲ့ကြောင်း သတင်းအရ သိရပါသည်။