တရုတ်နိုင်ငံ ကုန်းတွင်းပိုင်း အလွန်နက်ရှိုင်းသော ရေနံတွင်းကို တူးဖော်မှုနှုန်းသည် စံချိန်သစ်တင်

(GMT+08:00)2024-08-07 14:41:56  

Taklimakan သဲကန္တာရအစွန်းတွင် ရှိသော အလွန်နက်ရှိုင်းသော ရေနံတွင်း တူးဖော်ရေးတာဝန်ကို ဆောင်ရွက်ပြီးစီးခဲ့ကြောင်း၊ ယင်းရေနံတွင်းကို တူးဖော်ရာတွင် အမြန်ဆုံးတူးဖော်ခဲ့သည့်နေ့က မြေအောက် ၂၀၀၆ မီတာကို တူးဖော်ခဲ့ပြီး နေ့စဉ်တူးဖော်ရေး အနက်စံချိန်သစ်ကို တင်ခဲ့ကာ တရုတ်နိုင်ငံ အလွန်နက်ရှိုင်းသော ရေနံတွင်း တူးဖော်မှုနှုန်း တိုးမြှင့်ရေး နည်းပညာတွင် ထိုးဖောက်အောင်မြင်မှုသစ်တစ်ခုဖြစ်ကြောင်း CNPCမှ သတင်းအရ သိရပါသည်။

ယင်းစံချိန်သစ်တင်ခဲ့သော Tarimရေနံ Ha 13-H9 ရေနံတွင်းသည် ရှင်းကျန်းဝေဂါ ကိုယ်ပိုင် အုပ်ချုပ်ရေးဒေသ Shayaခရိုင်၌ တည်ရှိပြီး ၇၃၄၁မီတာ နက်ရှိုင်းပါသည်။