ပထမနှစ်ဝက်တွင် တရုတ်နိုင်ငံ စက်ယန္တရားလုပ်ငန်း၏ စီးပွားရေးလည်ပတ်မှုမှာ ယေဘုယျအားဖြင့် တည်ငြိမ်နေ

(GMT+08:00)2024-08-07 14:33:06  

ယခုနှစ် ပထမနှစ်ဝက်တွင် တရုတ်နိုင်ငံ စက်ယန္တရားလုပ်ငန်း၏ စီးပွားရေးလည်ပတ်မှုသည် ယေဘုယျအားဖြင့် တည်ငြိမ်နေပြီး ဆန်းသစ်တီထွင်မှု ဖွံ့ဖြိုးတိုးတက်ရေး အရှိန်အဟုန် မြှင့်တင်ထားကြောင်း တရုတ်စက်ယန္တရားလုပ်ငန်း အဖွဲ့ချုပ်မှ သြဂုတ်လ ၇ရက်နေ့ထုတ်ပြန်သည့် အချက်အလက်များအရ သိရပါသည်။

နောက်ဆုံးရ အချက်အလက်များအရ တရုတ်နိုင်ငံ စက်ယန္တရားလုပ်ငန်း၏ အတိုင်းအတာသည် ဆက်တိုက် တိုးချဲ့နေပြီး ၂၀၂၄ခုနှစ် ဇွန်လကုန်အထိ စက်ယန္တရားလုပ်ငန်းတွင်  နှစ်စဉ်အဓိကလုပ်ငန်းဝင်ငွေ ယွမ် သန်း ၂၀ နှင့်အထက်ရှိသော လုပ်ငန်း ကုမ္ပဏီ အရေအတွက်မှာ ၁သိန်း၃သောင်း ရှိပြီး လွန်ခဲ့သည့်နှစ် ဇွန်လကုန်ကထက်  ၁သောင်း ၁ထောင် တိုးလာကြောင်း သိရပါသည်။