သြဂုတ်လ ၆ ရက်နေ့တွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အမြဲတမ်းကော်မတီဝင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် အီဂျစ်နိုင်ငံခြားရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး Abdel Atty နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ပါသည်။
ဝမ်ယိက ယခုနှစ် မေလတွင် သမ္မတ Sisi ၏ တရုတ်နိုင်ငံခရီးစဉ်သည် အလွန်အောင်မြင်ခဲ့ပြီး နှစ်နိုင်ငံထိပ်သီးခေါင်းများသည် နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြီးမားသော အသေးစိတ် အစီအစဉ်ကို ရေးဆွဲခဲ့ကြောင်း၊ နှစ်နိုင်ငံတို့သည် ယင်းအခွင့်ကောင်းကို ယူပြီး နှစ်နိုင်ငံထိပ်သီးခေါင်းဆောင်များမှ ရရှိခဲ့သည့် အရေးကြီး သဘောတူညီမှုကို ဘက်စုံ အကောင်အထည်ဖော်ဆောင်ကာ ခေတ်သစ်တွင် တရုတ်-အီဂျစ် ကံကြမ္မာတူ အသိုက်အဝန်းကို အတူတည်ဆောက်ရန် တွန်းအားပေးသင့်ကြောင်း ပြောကြားခဲ့ပါသည်။
Abdel Atty က အီဂျစ်နိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံထိပ်သီးခေါင်းဆောင်များမှ ရရှိခဲ့သည့် အရေးကြီးသော သဘောတူညီမှုကို အကောင်အထည်ဖော်ရန်၊ နှစ်နိုင်ငံ ဆက်ဆံရေးကို ပိုမိုမြင့်မားသော အဆင့်သို့ တွန်းအားပေးရန်နှင့် နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုအကျိုးဖြစ်ထွန်းစေရန် ဆောင်ရွက်လိုကြောင်း ပြောကြားခဲ့ပါသည်။