မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ရေဘေးဒဏ်အပြီးတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်း ဆောင်ရွက်သူများကို နှုတ်ဆက်ပို့ဆောင်

(GMT+08:00)2024-08-07 14:36:05  

ဒေသစံတော်ချိန် ၂၀၂၄ခုနှစ် သြဂုတ်လ ၆ရက်နေ့က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည်  ပြုံယမ်းမြို့ရှိ “၄.၂၅ယဉ်ကျေးမှုအိမ်ရာ”တွင် ဇူလိုင်လ လကုန်ပိုင်းက ရေဘေးဒုက္ခခံခဲ့ရသော  P'yǒnganbukပြည်နယ်ကို ပြန်လည်ထူထောင်ရေး လုပ်ငန်း ဆောင်ရွက်သူများအား ပို့ဆောင်နှုတ်ဆက် ခဲ့သည်။ မြောက်ကိုရီးယားအစိုးရ၏ ဖော်ပြချက်အရ မြောက်ကိုရီးယားနိုင်ငံတွင် ဇူလိုင်လ ၂၇ရက်နေ့က စံချိန်တင်မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး အိမ်များနှင့် လယ်မြေများ ရေလွှမ်းမိုးခဲ့ကြောင်း သတင်းအရ သိရပါသည်။