Boeing သည် ကြီးမားသော ဘေးကင်းရေး မြှင့်တင်မှုများ ပြုလုပ်ရန် လိုအပ်သည်ဟု အမေရိကန်အမျိုးသား သယ်ယူပို့ဆောင်ရေး ဘေးကင်းရေးဘုတ်အဖွဲ့ကဆို

(GMT+08:00)2024-08-07 14:25:03  

ဒေသစံတော်ချိန် ဩဂုတ်လ ၆ ရက်နေ့က အမေရိကန်အမျိုးသား သယ်ယူပို့ဆောင်ရေး ဘေးကင်းရေးဘုတ်အဖွဲ့ ဥက္ကဋ္ဌ ဟိုမန်ဒီ က အမျိုးသား သယ်ယူပို့ဆောင်ရေး ဘေးကင်းရေးဘုတ်အဖွဲ့ နှင့် Boeing တို့သည် ဇန်နဝါရီလတွင် ဖြစ်ပွားခဲ့သော Boeing ခရီးသည်တင်လေယာဉ် "တံခါးပြုတ်ကျခြင်း" ဖြစ်ရပ်၏ အကြောင်းရင်းကို တိတိကျကျ မဆုံးဖြတ်ရသေးကြောင်း ပြောကြားခဲ့သည်။

Boeing သည် ၎င်း၏ ဘေးကင်းရေး အစီအမံများကို ကြီးကြီးမားမား မြှင့်တင်ရန် လိုအပ်ကြောင်း ဟိုမန်ဒီ က ပြောကြားခဲ့သည်။

ယခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့က အမေရိကန် Alaska  Airlinesမှ Boeing 737 MAX 9 လေယာဉ် ပျံတက်ပြီး မကြာမီ လေယာဉ်ခန်း၏ ဘေးဘက်ရှိ တံခါးပလပ်တစ်ခု ပြုတ်ကျခဲ့သည်။