ဒေသစံတော်ချိန် ဩဂုတ်လ ၆ ရက်နေ့ ညနေပိုင်းက ထိုင်းနိုင်ငံ Surat Thaniပြည်နယ်ရှိ ခရီးသွားအဖွဲ့တစ်ဖွဲ့သည် ရေမြင့်တက်မှုကြောင့် လှိုဏ်ဂူအတွင်း ပိတ်မိနေခဲ့ပါသည်။ အဆိုပါ ခရီးသွားအဖွဲ့တွင် နိုင်ငံခြားသားခရီးသွား ၂၂ ဦးနှင့် ဧည့်လမ်းညွှန် ၂ ဦး ပါဝင်ကြောင်း သိရပါသည်။ ဧည့်လမ်းညွှန်တစ်ဦး ရေထဲမျောပါ သေဆုံးသွားပြီး ကျန် ၂၃ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း ယနေ့ ၇ ရက်နေ့ နံနက်ပိုင်း သတင်းများအရ သိရပါသည်။









