အဆင့်မြင့်တွေ့ဆုံမေးမြန်းမှု၊ အရှေ့တီမောနိုင်ငံသမ္မတ José Ramos-Horta နှင့် သီးသန့်တွေ့ဆုံမေးမြန်းမှု

(GMT+08:00)2024-08-06 11:02:52  

အရှေ့တီမောနိုင်ငံသမ္မတ  José Ramos-Horta သည် ဇူလိုင်လ ၂၈ ရက်နေ့မှ ၃၁ ရက်နေ့ အထိ တရုတ်နိုင်ငံသို့ လာရောက်ခဲ့သည်။ ယင်းသည်နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်စဉ်ကစပြီး အရှေ့တီမောနိုင်ငံသမ္မတ၏ တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် တရားဝင်ခရီးလာရောက်ခြင်းဖြစ်သည်။ တရုတ်နိုင်ငံခရီးစဉ်အတွင်း José Ramos-Horta သည် ပေကျင်း၌ China Media Group ၏ သီးသန့်တွေ့ဆုံမေးမြန်းမှုကို ဖြေကြားခဲ့သည်။ José Ramos-Horta က အရှေ့တီမောနိုင်ငံသည် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှု မှတစ်ဆင့် ပိုမိုကျယ်ပြန့်သော ဖွံ့ဖြိုးတိုးတက်ရန်နေရာ ဖော်ဆောင်လိုကြောင်း၊ အရှေ့တီမောနိုင်ငံသည် သမ္မတရှီကျင့်ဖိန် အဆိုပြုသည့် ကမ္ဘာလုံးဆိုင်ရာအစီအမံများကို “ရာနှုန်းပြည့်” ထောက်ခံအားပေးကြောင်း၊ ၎င်းသည် အရှေ့တီမောနိုင်ငံ၏ အရင်းခံအကျိုးစီးပွားနှင့် ကိုက်ညီသည့်အပြင် ဖွံ့ဖြိုးဆဲနိုင်ငံအများအပြားမှ ပြည်သူများ၏ တူညီသော ရင်တွင်းစကားသံများ ဖြစ်ခြင်းကြောင့်ဖြစ်သည်ဟု ပြောကြားခဲ့သည်။