ဒေသ စံတော်ချိန် ယခုလ ၅ရက်နေ့က ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဒါကာမြို့တော်တွင် အဓိကရုဏ်း ဖြစ်ပွားခဲ့ပါသည်။ အစိုးရ ဆန့်ကျင်ရေး သမားများသည် နိုင်ငံတော် ဖခင်(Father of the Nation) Sheikh Mujibur Rahman၏ အထိမ်းအမှတ် ဗိမာန်ကို မီးရှို့ခဲ့ကြပါသည်။ ထိုနေ့တွင် ၄င်းတို့သည် ဝန်ကြီးချုပ် Sheikh Hasina၏ အိမ်ရာသို့ စုစည်း ဝင်ရောက်ပြီး ဖျက်ဆီးမှုနှင့် လုယက်မှုများကို ဆောင်ရွက်ခဲ့ပါသည်။ ယခုအကြိမ် ဆန္ဒပြ လှုပ်ရှားမှုကို ဇူလိုင်လမှ စတင်ခဲ့ပြီး အစပိုင်းတွင် ကျောင်းသူကျောင်းသားများ အနေနှင့် အစိုးရ၏ အလုပ်ခန့်ထားခြင်း စည်းမျဉ်းဥပဒေ အပေါ် မကျေမနပ် ဖြစ်သောကြောင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ယခုလ ၅ရက်နေ့တွင် ဆန္ဒပြမှုသည် ပြင်းထန်သောအခြေအနေ သို့ရောက်ရှိခဲ့ပါသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဒါကာမြို့တော်တွင် အဓိကရုဏ်း ဖြစ်ပွား
(GMT+08:00)2024-08-06 15:28:31