လေကြောင်းလိုင်း အသစ် တိုးလာ၊ China Eastern Airlines မှ C919 သည် "ဘေကျင်း- ရှန်ရှီး" လေကြောင်းလိုင်း စတင်ပျံသန်း

(GMT+08:00)2024-08-06 13:58:00  

ဩဂုတ်လ ၅ ရက်နေ့မှ စ၍ C919 လေယာဉ်များသည် ရှီးအန်းမြို့ ရှန်ယန်လေဆိပ် မှ ဘေကျင်း တာ့ရှင်းလေဆိပ်သို့ လေကြောင်းလိုင်း အသစ်တစ်ခု စတင်ပျံသန်းမည်ဖြစ်ကြောင်း China Eastern Airlines မှ သတင်းအရ သိရပါသည်။

၅ ရက်နေ့ မွန်းလွဲပိုင်းတွင် China Eastern Airlines မှ C919 လေယာဉ် ဖြစ်သည့် MU2113 လေယာဉ်သည် ရှီးအန်း ရှန်ယန် မှ ဘေကျင်း တာ့ရှင်း သို့ လေကြောင်းလိုင်းကို ပထမဆုံးအကြိမ် ပျံသန်းခဲ့သည်။ ယင်းသည် ရှန်ဟိုင်း ဟုန်ချော် မှ ချန်တူး ထျန်းဖူ သို့၊ ရှန်ဟိုင်း ဟုန်ချော် မှ ဘေကျင်း တာ့ရှင်း သို့ ၊ ရှန်ဟိုင်း ဟုန်ချော် မှ  ကွမ်ကျူး ဘယ်ယူ သို့ လေကြောင်းလိုင်းများ စတင်ပြီးနောက် China Eastern Airlines မှ C919 လေယာဉ်များ၏ ပဉ္စမမြောက် စီးပွားဖြစ် ပုံမှန် ပျံသန်းသည့်လိုင်း ဖြစ်သည်။

၂၀၂၃ ခုနှစ် မေလ ၂၈ ရက်နေ့က China Eastern Airlines မှ C919 လေယာဉ်များ စီးပွားဖြစ် ပျံသန်းမှုကို အောင်မြင်စွာ စတင်ခဲ့သည့်နောက်ပိုင်း China Eastern Airlines မှာ C919 လေယာဉ် ၇ စင်း ရှိလာနေပြီဖြစ်ပြီး လက်ရှိအချိန်တွင် နွေရာသီ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှု ကို အပြည့်အဝ ပါဝင်ထမ်းဆောင်နေပါသည်။