ဗဟိုမူဝါဒအဖွဲ့သည် တရုတ် နိုင်ငံ ဒေသ များစွာတွင် တရုတ် ကွန်မြူနစ်ပါတီ အကြိမ် ၂၀မြောက် ဗဟို ကော်မတီ တတိယ အကြိမ် မျက်နှာစုံညီ အစည်းအဝေး၏ အနှစ်သာရများကို ဟောပြော

(GMT+08:00)2024-08-06 13:54:09  

    ယခုအခါ တရုတ် ကွန်မြူနစ်ပါတီ အကြိမ် ၂၀မြောက် ဗဟို ကော်မတီ တတိယ အကြိမ် မျက်နှာစုံညီ အစည်းအဝေး၏ အနှစ်သာရများကို လေ့လာရေးနှင့် လိုက်နာကျင့်သုံးရေး ဆိုင်ရာ ဗဟို မူဝါဒအဖွဲ့မှ အဖွဲ့ဝင်များသည် တရုတ် နိုင်ငံ ဒေသ များစွာ၌ အစည်းအဝေး၏ အနှစ်သာရများကို ဟောပြောပြီး အောက်ခြေအဆင့်သို့ သွားရောက်ကာ ပြည်သူလူထုများ နှင့် ကူးလူးဖလှယ်နေပါသည်။

    ဗဟို မူဝါဒ အဖွဲ့မှ အဖွဲ့ဝင်၊  တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးနှင့် ဥပဒေရေးရာ ကော်မရှင် အတွင်းရေးမှူးချုပ် ယင်ဘိုင်သည် မကြာခင်က နန်နင်မြို့တွင် ဟောပြောမှု ပြုလုပ်ခဲ့ပါသည်။ ၄င်းသည် ပြုပြင်ပြောင်းလဲမှုကို တစ်ဆင့်တိုး ဘက်စုံ နက်ရှိုင်းစွာ ဆောင်ရွက်ခြင်း၊  တရုတ် အသွင်ပုံစံ ခေတ်မီရေးကို တိုးမြှင့်ရေးနှင့် ပတ်သက်၍ မျက်နှာစုံညီ အစည်းအဝေး၏ အကြောင်းအရာ၊ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်၏ အရေးကြီး မိန့်ခွန်း အနှစ်သာရများကို နက်ရှိုင်းစွာ လေ့လာနားလည်ခြင်း၊ “ပြုပြင်ပြောင်းလဲမှုကို တစ်ဆင့်တိုးဘက်စုံဇောက်ချပြုလုပ်ရေးနှင့် တရုတ်အသွင်ပုံစံ ခေတ်မီရေးကို တွန်းအား ပေးရေးဆိုင်ရာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်”ပါ အရေးကြီး ဆောင်ရွက်ချက်များကို ဘက်စုံ မှန်ကန်စွာ နားလည်ခြင်းစသည်များနှင့် စပ်လျဉ်း၍ ဘက်စုံ နက်ရှိုင်းစွာ ရှင်းပြခဲ့ပါသည်။