ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် သြဂုတ်လ ၅ ရက်နေ့က ဆူဒန် ပြဿနာ ဆိုင်ရာ နိုင်ငံတကာ ရာဇဝတ်တရားရုံး၏ အစီရင်ခံချက်များကို စိစစ်ခဲ့ပါသည်။ ယင်းအစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ တရုတ် အမြဲတမ်း ဒုတိယ ကိုယ်စားလှယ် ဒိုင်ပင် က ရာဖာအခြေအနေနှင့် ပတ်သက်သော အမှုအခင်းများကို ကိုင်တွယ်ရာတွင် “ရောမသတ်မှတ်ချက်” နှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အာဏာအပ်နှင်းမှုကို ဆက်လက် လိုက်နာဆောင်ရွက်ပြီး ဖြည့်စွက်တရားစီရင်ရေးမူကို တင်းတင်းကျပ်ကျပ် လိုက်နာကာ ၎င်းတို့၏ အာဏာကို လွတ်လပ်စွာ၊ ဓမ္မဓိဋ္ဌာန်ကျကျ၊ သမာသမတ်ကျကျ ဥပဒေနှင့်အညီ ကျင့်သုံး၍ ဆူဒန်နိုင်ငံ၏ တရားစီရင်ရေး အချုပ်အခြာအာဏာ နှင့် စိုးရိမ်မှုများကို လေးစားရန် နိုင်ငံတကာ ရာဇဝတ်ခုံရုံးအား တိုက်တွန်းခဲ့ပါသည်။
ဆူဒန်၏ တရားစီရင်ရေး အချုပ်အခြာအာဏာနှင့် စိုးရိမ်မှုများကို လေးစားရန် နိုင်ငံတကာ ရာဇဝတ်ခုံရုံးအား တရုတ်နိုင်ငံက တိုက်တွန်း
(GMT+08:00)2024-08-06 13:55:02